ဖေဖော်ဝါရီလနှင့် မတ်အတွင်း နိုင်ငံရေးအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး သပိတ်စစ်ကြောင်းများ၊ ၏ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများပေါ်ပေါက်လာသည်။ ယင်းမာပင်၊ မုံရွာ၊ ကနီ တို့တွင် လူထုလှုပ်ရှားမှုများနှင့် မီဒီယာမှ မျှဝေသည့် အချက်အလက်များအရ နိုင်ငံရေးလှုပ်ရှားမှု၏ ကျယ်ပြန့်မှုကိုတွေ့မြင်ရသည်။ဇန်နဝါရီလကစတင်ခဲ့သော ဖက်ဒရယ်ယူနစ်ဆိုင်ရာဖွဲ့စည်းပုံဆွေးနွေးမှုများသည် ဖေဖော်ဝါရီလအတွင်းတွင်လည်း ဆက်လက်ပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့်အဖွဲ့အစည်းများအထိ ကျယ်ပြန့်လာသည်။ ထို့အတူဖေဖော်ဝါရီ ၂ ရက်နေ့တွင် မော်လူးမြို့နယ်မှ လူထုသပိတ်ဦးဆောင်အဖွဲ့သည် မိမိဒေသအတွင်းဖက်ဒရယ်ယူနစ် CDM ကောင်စီဖွဲ့စည်းမှုအကြောင်းဆွေးနွေးခဲ့သည်။ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM များအစည်းအဝေးပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ ဒုတိယမူကြမ်းနှင့် ယင်းမူကြမ်းပြင်ဆင်ချက်အဖြစ် တတိယမူကြမ်းပါ ထွက်ရှိခဲ့သဖြင့် နိုင်ငံရေးအရှိန်အဟုန်ကောင်းလာသည်ဟုပြော၍ရသည်။ သို့သော် မတ်လ(၂၈) ရက်နေ့တွင်စစ်ကိုင်းမြို့နယ် ရေခါးအင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော (၇.၇) Magnitude ရှိငလျင်သည်လည်း နိုင်ငံရေးဖြစ်စဉ်များအကြား ပြည်သူထိခိုက်မှုအကြီးဆုံးသော သဘာဝဘေးဖြစ်လာခဲ့သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြားကပင် စစ်ကိုင်းဖိုရမ်ကို မတ်လ(၃၁) ရက်နေ့တွင် အရေးပေါ်ကျင်းပခဲ့သည်။
ထင်ရှားသောဖြစ်ရပ်များမှာ
၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းကိုထုတ်ပြန်ခြင်း။
ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် လူမှုကွန်ရက်စာမျက်နှာမှ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း)အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ (၂၅)ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းပေးအပ်ခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(ပထမမူကြမ်း)အား ပြည်ထောင်စု အစုအဖွဲ့များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အင်အားစုများထံသို့ ပေးပို့ဖြန့်ဝေခဲ့ပြီး ပထမမူကြမ်းအပေါ် အကြံပြုချက်များ၊ သုံးသပ်ချက်များနှင့် ဆွေးနွေးချက်များရရှိရန် ပူးပေါင်းဆောင်ရွက်ကာ ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ပြည်ထောင်စုနှင့် ယူနစ်အတွင်းမှ ပုဂ္ဂလိက ၊ အင်အားစုများ၊ အဖွဲ့အစည်းများတို့မှ ပေးပို့လာသော အကြံပြုချက်များ၊ သုံးသပ်ချက်များနှင့် ဆွေးနွေးချက်များ အားလုံးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ လေ့လာသုံးသပ်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)အဖြစ် ဆောင်ရွက်ခဲ့ပြီးပြည်သူလူထု၊ အင်အားစုများနှင့်အဖွဲ့အစည်းများအားလုံးကို သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခဲ့သည်။ ဒုတိယမူကြမ်းကိုအခြေပြု၍ အင်အားစုများနှင့်ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အကြံပြုချက်များ ဆက်လက် ရယူကာ တတိယမူကြမ်းအဖြစ် ဆက်လက်ရေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
၂။ မြို့နယ်အလိုက် CDM ကောင်စီကိုယ်စားပြုများဖွဲ့စည်းကြခြင်း
ဇန်နဝါရီလက ဖော်ဆောင်ခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၏ မြို့နယ်အလိုက်ကိုယ်စားလှယ်များကို မြေပြင်အစည်းအဝေးများ Online အစည်းအဝေးများဖြင့် ရွေးကောက်တင်မြှောက်မှုများ စတင်လာခဲ့သည်။ ဖေဖော်ဝါရီလ(၁၀) ရက်နေ့တွင် ဝန်းသိုမြို့ မော်လူးမြို့များတွင် မြေပြင်ကောင်စီအစည်းအဝေးများလုပ်ခဲ့သလို ဖော်ဖော်ဝါရီလအတွင်း မြို့နယ်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန ကိုယ်စားလှယ်များ ရွေးကောက်ရန်အတွက် Zoom ဖြင့်လည်း အစည်းအဝေးများကျင်းပခဲ့သည်။ ကိုယ်စားလှယ်အချို့ထွက်ပေါ်လာပြီး အချို့အငြင်းပွားမှုများကြောင့် ရွေးကောက်ခံရသော ကိုယ်စားလှယ်အချို့လည်း နုတ်ထွက်ခြင်းများရှိသည်။ ပုလဲမြို့နယ်မှ ရွေးကောက်ခံထားသော ကျန်းမာရေးဝန်ကြီးဌာန CDM တစ်ဦးဖြစ်သော ဒေါက်တာချမ်းက ရွေးကောက်ပွဲကော်မရှင်ကို မထီလေးစားလုပ်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပေါ်ပြီး CDM ကောင်စီမှ နုတ်ထွက်ခြင်းများရှိသည်။ CDM ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော အချို့မှာ စစ်ကိုင်းတိုင်းဒေသသပိတ်နှင့် တွေ့ဆုံဆွေးနွေး၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဖွဲ့အစည်းပုံအခြေခံဥပဒေကို သုံးသပ်နေမှုများလည်းရှိသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အဖွဲ့အစည်းများတွေ့ဆုံမှု ဇယား
စဉ် | ရက်စွဲ | အဖွဲ့အစည်း | အကြောင်းအရာ | မှတ်ချက် |
၁။ | ၉.၂.၂၀၂၅ | နွေဦးဘဏ် | ဘဏ္ဍာရေး | |
၂။ | ၁၂.၂.၂၀၂၅ | စစ်ကိုင်းနိုင်ငံရေးအင်အားစုများ | ဖွဲ့စည်းပုံမူကြမ်း | |
၃။ | ၁၃.၂.၂၀၂၅ | စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း | အစိုးရဖွဲ့စည်းရေး | |
၄။ | ၁၇.၂.၂၀၂၅ | NLD ခရိုင်၊ မြို့နယ်၊ တိုင်း(စစ်ကိုင်း) | ဖွဲ့စည်းပုံမူကြမ်း | |
၅။ | ၁၈.၂.၂၀၂၅ | ပအဖများ(စစ်ကိုင်း) | ဖွဲ့စည်းပုံမူကြမ်း | |
၆။ | ၁၉.၂.၂၀၂၅ | NLD(CWC) | ဖွဲ့စည်းပုံမူကြမ်း | |
၇။ | ၂၂.၂.၂၀၂၅ | စစ်ကိုင်းဒေသသပိတ်အင်အားစု | ဖွဲ့စည်းပုံမူကြမ်း | |
၈။ | ၂၇.၂.၂၀၂၅ | ကျန်းမာရေးဝန်ကြီးဌာန | ဖွဲ့စည်းပုံမူကြမ်း | |
၉။ | ၂၈.၂.၂၀၂၅ | CRPH | ဖွဲ့စည်းပုံမူကြမ်း | |
၁၀။ | ၂.၃.၂၀၂၅ | CDMနိုင်ငံ့ဝန်ထမ်း ကောင်စီ(CCSC-SFU) | ဖွဲ့စည်းပုံမူကြမ်း | |
၁၁။ | ၈.၃.၂၀၂၅ | စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း(မြေပြင်တွေ့ဆုံပွဲ) | ညှိနှိုင်း | |
၁၂။ | ၉.၃.၂၀၂၅ | ပြည်ထောင်စုလွှတ်တော်(စစ်ကိုင်းဒေသ) | ညှိနှိုင်း | |
၁၃။ | ၁၇.၃.၂၀၂၅ | MOCIT | ညှိနှိုင်း | |
၁၄။ | ၂၄.၃.၂၀၂၅ | FSCC | ညှိနှိုင်း |
၂၀၂၁ ဇန်နဝါရီလ (၆) ရက်နေ့မှစပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် တိုင်းအတွင်း၊ တိုင်းပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ဒုတိယမူကြမ်းထုတ်ပြန်အပြီးတွင်း ဆက်လက်ဆွေးနွေးမှုများရှိခဲ့ပြီး သဘောထားကွဲလွဲမှုများရှိသကဲ့သို့ ရလဒ်ကောင်းများလည်း ရရှိထားခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လတွင်မူ လုပ်ပိုင်ခွင့်ခွဲဝေရေးနှင့် ညှိနှိုင်းရေး အစည်းအဝေးများ၊ မြေပြင်တွေ့ဆုံပွဲများပါဖြစ်ပေါ်လာပြီး တတိယမူကြမ်းကို ဆက်လက်ထုတ်ပြန်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်း မြစ်များထံမှသိရပါသည်။
၃။ စစ်ကိုင်းငလျင်ဖြစ်စဉ်
မတ်လ ၂၈ ရက်နေ့ ညနေ ၂ နာရီ ၂၉ တွင် စစ်ကိုင်းမြို့နယ် ရေခါးအင်းကို ဗဟိုပြုကာ အင်အား ၇.၇ M ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်သည်လည်း ထူးခြားဖြစ်စဉ်တခုဖြစ်ခဲ့ပြီး ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွ၍် အိမ်ခြေ(၁၆၅၁) အိမ်ပျက်စီးခဲ့ပြီး လူပေါင်း(၅၆၉) ဦးထက်မနည်းသေဆုံးခဲ့ကာ အောက်ပါဇယားအတိုင်း ထိခိုက်ပျက်စီးခဲ့ပါသည်။
စစ်ကိုင်းငလျင် ကနဦးထိခိုက်ပျက်စီးစာရင်း
Date | Location | Incident | Deaths | Injured | Remarks |
March 28, 2025 | Sagaing Township | Destruction of Zinedaya Buddhist Monastic Education School | 0 | Many injured | Approximately 600 monks’ residences destroyed |
March 28, 2025 | Chaung Oak | Thakyadita Thilashin Nunnery damaged | 1 | Many injured | Senior nun passed away |
March 28, 2025 | Min Lan and Pali areas | Collapse of buildings and houses | 200 | Many injured | Uposatha members died |
March 28, 2025 | Sagaing (Inwa) | Bridge collapsed | 0 | Unknown | Sagaing (Inwa) Bridge collapsed |
March 28, 2025 | Lay Kyun Myae | Monastic school buildings collapsed | 0 | Many trapped | Approximately 300 buildings collapsed |
March 28, 2025 | Sagaing Township | Myat Private School classroom collapse | 40 | 3 | One male teacher and two female teachers rescued |
March 28, 2025 | Sagaing City | Collapse of shop houses and residential buildings | Numerous | Many injured | Almost entire residential area destroyed |
March 29, 2025 | Sagaing City | Bridge and transportation restriction | 0 | 0 | Yadanabon Bridge closed; limited transportation |
March 29, 2025 | Sagaing Shwe Moe area | Casualties in revolutionary area | 18 | Many injured | Under revolutionary forces’ control |
March 29, 2025 | Sagaing City | Total estimated death toll | 250 | Many injured | Approximately 100 bodies retrieved |
March 28, 2025 | Min Lan Ward, Sagaing City | Collapse of three mosques | 45 | 0 | Detailed names listed separately |
March 28, 2025 | Pantaw Ward, Takaung Ward | Bright Kids Nursery School collapse | 15 | 0 | 13 children and 2 teachers died |
Totel | nan | nan | 569 | nan | nan |
၄။ အရေးပေါ်စစ်ကိုင်းဖိုရမ်
ငလျင်ကြောင့် ထိခိုက်မှုများရှိသော်လည်း မူလက ကျင်းပရန်လျာထားခဲ့သော မတ်လ(၃၁)ရက်နေ့တွင်ပင် စစ်ကိုင်းဖိုရမ်ကို အရေးပေါ်စစ်ကိုင်းဖိုရမ်အဖြစ် ကျင်းပခဲ့ပြီး စစ်ကိုင်းငလျင်အတွက် အရေးပေါ်အကူအညီများ ဖော်ဆောင်ရန်အတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်တို့ပူးပေါင်းပြီး ငလျင်တုံ့ပြန်ရေး အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ စစ်ကိုင်းဖိုရမ်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်အပါအဝင် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ စုစည်းနိုင်ခဲ့သော်လည်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။
၂၀၂၅ ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးဖြစ်စဉ်များမှာ ပြည်နယ် (ဖက်ဒရယ်ယူနစ်) အခြေပြုနိုင်ငံရေးဖြစ်စဉ်များကို ပိုမိုတွေ့ရှိရပြီး နိုင်ငံရေးလှုပ်ရှားမှုသာမက ဖက်ဒရယ်ယူနစ်အခြေပြုအုပ်ချုပ်ရေးတည်ဆောက်မှုများပါ တပါတည်းပါလာသကဲ့သို့ ပြည်ထောင်စုအဖွဲ့များနှင့် လုပ်ပိုင်ခွင့်(အာဏာ) ခွဲဝေခြင်းဆိုင်ရာ ဆွေးနွေးမှုများပါ ရှိလာပြီဟုသုံးသပ်နိုင်ပါသည်။