၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ထိတွေ့တိုက်ပွဲအခြေအနေ သုံးသပ်ချက်
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ (PDF/LPDF) တို့ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ကနီ၊ အရာတော်၊ ရေဦး၊ မုံရွာ၊ မြောင်၊ ဘုတလင်၊ ဆားတောင်၊ ရွှေဘို စသည့် မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ အထူးပြင်းထန်ခဲ့သည်။
စစ်တပ်၏ အကြမ်းဖက်မှုများအဖြစ် ဘုတလင်မြို့နှင့် ဆားတောင်မြို့တွင် လူသတ်မှု၊ တပ်စွဲခြင်း၊ ကျေးရွာမီးရှို့ခြင်းများကို ကျူးလွန်ခဲ့သည်။ အရာတော်မြို့နယ် ငွေတွင်းရွာ၊ ရေဦးမြို့နယ် အောင်သုခကျေးရွာ စသည့်ဒေသများတွင်လည်း စစ်ကောင်စီမှ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။
မုံရွာမြို့နယ်အတွင်း ဝမ်ပေါင်ကုမ္ပဏီနှင့်ပတ်သက်၍ ကြေးနီသယ်ယူရေးအတွက် စစ်တပ်၏ ကာကွယ်မှု့လုပ်ငန်းများကြောင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ရွှေဘိုမြို့နယ် ဥသျှစ်ကန်ကျေးရွာသုသာန်အနီး ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်တိုက်ခိုက်မှုများအတွင်း ထိတွေ့မှုများ အထူးပေါ်ပေါက်ခဲ့သည်။
စုစုပေါင်းအဖြစ် ၆၇ ကြိမ်ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများသည် ဒေသအတွင်း လုံခြုံရေးအခြေအနေကို စိုးရိမ်စရာကောင်းလောက်အောင် ပြင်းထန်စေခဲ့ပြီး၊ ပြည်သူ့ဘေးကင်းလုံခြုံမှုကို အလွန်ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သည်။ စစ်အုပ်စု၏ တိုက်ခိုက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် တင်ပြနိုင်ပြီး ဒေသခံပြည်သူများအတွက် စစ်ဘေးဒဏ်ကို ပိုမိုပြင်းထန်စေခဲ့သည်ဟု သုံးသပ်နိုင်ပါသည်။ထိတွေ့တိုက်ပွဲဖြစ်စဉ်များကို အောက်ပါအတိုင်းဇယားတွင်ဖော်ပြထားပါသည်။
စဉ် | ရက်စွဲ | မြို့နယ် | ဖြစ်စဉ်အကျဉ်း | မှတ်ချက် |
1 | 1.2.2025 | ဘုတလင်မြို့ | ဘုတလင်မြို့ပေါ် အထိုင်ချ တပ်စွဲပြီး လူသတ်၊ လုယက်၊ … | – |
2 | 1.2.2025 | ဆားတောင်မြို့ | ဆားတောင်မြို့ ရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲ… | – |
3 | 2.2.2025 | ကနီမြို့နယ် | ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို အကြမ်းဖက် စစ… | – |
4 | 2.2.2025 | အရာတော်မြို့နယ် | အရာတော်မြို့နယ်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသ… | – |
5 | 3.2.2025 | မြောင်မြို့နယ် | မြောင်မြို့နယ် မြစ်ဆုံရွာပေါ်ကို စစ်အုပ်စုက ဂျက်ဖိ… | – |
6 | 3.2.2025 | ကန့်ဘလူမြို့နယ် | ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာ ပျူစခန်းက သင်္ကန… | – |
7 | 4.2.2025 | မြင်းမူမြို့နယ် | မြင်းမူမြို့နယ်ရှိ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင… | – |
8 | 6.2.2025 | ဘုတလင်မြို့နယ် | ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပိုင်း ကျီးပင်ချောင်… | – |
9 | 7.2.2025 | ကနီမြို့နယ် | ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်… | – |
10 | 7.2.2025 | ကလေးမြို့နယ် | စစ်မှုထမ်းအပတ်စဥ် (၆) ကနေ အပတ်စဥ် (၉) အထိ စစ်မှုထမ… | – |
11 | 7.2.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က … | – |
12 | 8.2.2025 | မုံရွာမြို့နယ် | မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို … | – |
13 | 8.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်တွင် အိမ်စီးကားများဖြင့် သွားလာနေ… | – |
14 | 9.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်တောင်ပိုင်းက ရှားဖို၊ရန်ကြီးအောင်၊ ကျေ… | – |
15 | 9.2.2025 | ဝက်လက်မြို့နယ် | ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာအုပ်စု၊ ရွာသစ်ရွာ… | – |
16 | 10.2.2025 | ရေဦးမြို့ | ရေဦးမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအတွ… | – |
17 | 10.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာကို တော… | – |
18 | 10.2.2025 | စစ်ကိုင်းမြို့နယ် | စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ရာထူးတိုးဖြ… | – |
19 | 11.2.2025 | ကနီမြို့နယ် | ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာကို မနေ့က ညသန်းခေါင… | – |
20 | 11.2.2025 | ကိုးမြို့ | ကန့်ဘလူနယ်က ကိုးမြို့နဲ့ သိုးဘိုးရွာနှစ်ရွာကို စစ်… | – |
21 | 12.2.2025 | ကနီမြို့နယ် | ကနီမြို့နယ် နတ်ကြီးရွာအနီးကို ဒီကနေ့ဖေဖော်ဝါရီလ ၁၂… | – |
22 | 12.2.2025 | ဒီပဲယင်းမြို့ | ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ… | – |
23 | 12.2.2025 | မုံရွာမြို့နယ် | မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းသို့ အင်အားဖ… | – |
24 | 13.2.2025 | nan | ကလေးတောင်ပိုင်းက ကျေးရွာတွေ ရက်ဆက် လေကြောင်းတိုက်ခ… | – |
25 | 13.2.2025 | မုံရွာမြို့နယ် | မုံရွာမြို့နယ် တောင်ခြမ်းနဲ့ ချောင်းဦးမြို့နယ် ကျေ… | – |
26 | 13.2.2025 | ဘုတလင်မြို့ | ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းကို လက်နက်… | – |
27 | 13.2.2025 | ဘုတလင်မြို့နယ် | ဘုတလင်မြို့နယ်ရှိ စလွန်းရွာ၊ ကွမ်းခြံရွာနှင့် ထန်း… | – |
28 | 13.2.2025 | အရာတော်မြို့နယ် | အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးမျ… | – |
29 | 14.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်းကျေးရွာရှိ ဆေး… | – |
30 | 14.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ် တောင်ပိုင်း၊ ကလေး – ဂန့်ဂေါ ကားလမ်းပေ… | – |
31 | 14.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စ… | – |
32 | 15.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်တောင်ပိုင်း၊ ဂန့်ဂေါ – ကလေး ကားလမ်းမပေ… | – |
33 | 15.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦး လမ်းပိုင်းတွင… | – |
34 | 16.2.2025 | ကန့်ဘလူမြို့နယ် | ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေး ပျူစောထီးရွာကို ဒရုန်… | – |
35 | 16.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ | – |
36 | 17.2.2025 | ကနီမြို့နယ် | ကနီမြို့နယ်၊ မုဌောအရှေ့ရွာရှိ ချင်းတွင်းမြစ်ကူးတို… | – |
37 | 17.2.2025 | မြင်းမူမြို့နယ် | မြင်းမူမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းတစ်ခုကို … | – |
38 | 17.2.2025 | nan | မုံရွာ အမြန်လမ်းပိုင်းတွင် မုံရွာမှ ထွက်လာသော သံပြ… | – |
39 | 17.2.2025 | ကန့်ဘလူမြို့နယ် | ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်… | – |
40 | 18.2.2025 | မုံရွာမြို့ | မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်… | – |
41 | 18.2.2025 | ရေဦးမြို့ | ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာမျာ… | – |
42 | 18.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင်အကြ… | – |
43 | 19.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ခင်မ… | – |
44 | 19.2.2025 | မုံရွာမြို့နယ် | မုံရွာမြို့နယ်၊ ချောင်းဦး-မုံရွာကားလမ်းပိုင်းမှာ အ… | – |
45 | 20.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်၊ ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က လေယ… | – |
46 | 20.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ အကြမ်းဖက် စစ်တပ်… | – |
47 | 22.2.2025 | မုံရွာမြို့ | ၁၂ ရက်ကနေ ၁၉ရက်အတွင်း မုံရွာနယ်ရှိ စစ်ရှောင်စခန်း … | – |
48 | 22.2.2025 | မင်းကင်းမြို့နယ် | မင်းကင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကိ… | – |
49 | 24.2.2025 | မင်းကင်းမြို့နယ် | မင်းကင်းမြို့နယ်၊ သင်တော်ရွာအနီး တိုက်ပွဲတွင် တပ်ပ… | – |
50 | 24.2.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်က ပျူစောထီးကင်းစခန်း ၃ ခု ဒရုန်းဗု… | – |
51 | 24.2.2025 | ချောင်းဦးမြို့ | ချောင်းဦးမြို့မှ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက်… | – |
52 | 24.2.2025 | ဘုတလင်မြို့နယ် | ဘုတလင်မြို့နယ်၊ ပိုးကုန်းရွာ ဘုန်းတော်ကြီးကျောင်းက… | – |
53 | 24.2.2025 | မုံရွာမြို့ | မုံရွာမြို့ နမခ တပ်အတွင်းမှ အကြမ်းဖက် စစ်ကောင်စီ တ… | – |
54 | 25.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို တပြိုင်တည်း … | – |
55 | 26.2.2025 | ရေဦးမြို့နယ် | ရေဦးမြို့နယ်၊ မဲအိုးရွာ ဖောင်တော်ဦး ဘုရားကုန်းကို … | – |
56 | 26.2.2025 | မုံရွာမြို့ | မုံရွာမြို့ ဗောဓိတစ်ထောင်ဘုရား တောင်ပေါ်က စစ်အုပ်စ… | – |
57 | 26.2.2025 | ယင်းမာပင်မြို့နယ် | ယင်းမာပင်မြို့နယ်တွင် ကြေးနီတင်တွဲကားများကို မိုင်… | – |
58 | 26.2.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်စခန်းမှ ထွက်လာသော သ… | – |
59 | 26.2.2025 | မြောင်မြို့နယ် | မြောင်မြို့နယ် အနောက်ခြမ်း၊ ရေလယ်ကျွန်းမှာ ဖေဖေါ်… | – |
60 | 26.2.2025 | မုံရွာမြို့ | မုံရွာမြို့ နမခ မှ စစ်ကူပေးရန် ထွက်လာသော စစ်ကား ၆ … | – |
61 | 27.2.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်တောင်ပိုင်း၊ မှန်တောကျေးရွာဝန်းကျင်ကို… | – |
62 | 27.2.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို အကြမ်းဖက် စစ်တပ… | – |
63 | 27.2.2025 | ရေဦးမြို့နယ် | စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း ကင်းလှည့်ရန်… | – |
64 | 27.2.2025 | မုံရွာမြို့နယ် | မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်… | – |
65 | 27.2.2025 | အရာတော်မြို့နယ် | အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှ… | – |
66 | 27.2.2025 | ရေဦးမြို့နယ် | ရေဦးမြို့နယ် ၊ အောင်သုခကျေးရွာကို စစ်အုပ်စုက ညပို… | – |
67 | 28.2.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာသုသာန်အနီး ရွှေဘိ… | – |
ဖေဖော်ဝါရီလတိုက်ပွဲများသည် ထူးထူးခြားခြားမရှိခဲ့သော်လည်း တိုင်းမြို့မုံရွာမြို့ပေါ်နှင့် မိုင်အနည်းငယ်သာ ကွာသည့် ဗောဓိတထောင် တာဝါတိုင်စခန်းကုန်းကို ဒေသခံကာကွယ်ရေးတပ်များစုပေါင်းသိမ်းယူနိုင်ခဲ့ခြင်းမှာမူ ထူးခြားချက်တရပ်အနေဖြင့်တွေ့ရှိရပါသည်။
၂၀၂၅ ခုနှစ် မတ်လ စစ်ရေးအခြေအနေ သုံးသပ်ချက်
၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်ကိုင်းတိုင်းနှင့် တိုင်းနယ်မြေတချို့၌ စစ်ကောင်စီ၏ အကြမ်းဖက်လှုပ်ရှားမှုများ၊ စစ်ဆင်ရေးများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ များပြားစွာဖြစ်ပွားခဲ့သည်။အထူးသဖြင့် မတ်လအတွင်း စစ်ကောင်စီအဖွဲ့များကလေကြောင်းဖြင့် လာရောက်ပစ်ခတ်ခြင်းများ၊ စစ်အင်အားဖြင့် တပ်စွဲခြင်းများ၊ ဒေသခံကျေးရွာများသို့ ထိုးစစ်ဆင်ခြင်းများ၊ အင်အားဖြည့်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ္စည်းတင်သယ်ခြင်းများစသည့် လှုပ်ရှားမှုများကို အထင်ကရမြို့နယ်များဖြစ်သော ကနီ၊ ချောင်းဦး၊ ရေဦး၊ မြောင်၊ ဆားလင်းကြီး၊ မုံရွာ၊ ကလေး၊ ထီးချိုင့်၊ ရွှေဘို စသည့်ဒေသများတွင် လုပ်ဆောင်ခဲ့သည်။
မြောင်၊ ရွှေဘိုနှင့် ချောင်းဦးမြို့နယ်များတွင် စစ်အုပ်စုများ အဆက်မပြတ်လှုပ်ရှားနေပြီး၊ တပ်စွဲခြင်း၊ ရွာဝင်ခြင်းများဖြစ်ပွားနေသည်။ပါရာမော်တာဖြင့် လာရောက်ပစ်ခတ်ခြင်းများစွာကိုမြင်တွေ့ရပြီး၊ ဒေသခံ ပြည်သူများအတွက် အန္တရာယ်များပိုမိုတိုးပွားလာသည်။မတ်လအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များအကြား တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည်။ဤအခြေအနေများ အရ စစ်ကောင်စီ၏ စစ်ဆင်ရေး တိုးချဲ့မှုနှင့် အကြမ်းဖက်မှုများသည် ဒေသတွင်း ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။ မတ်လအတွင်းစစ်ရေးဖြစ်စဉ်များကို အောက်ပါဇယားတွင် ဖော်ပြထားသည်။
စဉ် | ရက်စွဲ | မြို့နယ် | ဖြစ်စဉ်အကျဉ်း | မှတ်ချက် |
1 | 2.3.2025 | nan | မြောင်နယ်အနောက်ခြမ်းနဲ့ မကွေးတိုင်း ရေစကြိုနယ်အစပ်… | – |
2 | 2.3.2025 | ခင်ဦးမြို့နယ် | ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်အုပ်စုက… | – |
3 | 2.3.2025 | ချောင်းဦးမြို့ | ချောင်းဦးမြို့မှ ထွက်လာသော စစ်ကောင်စီ တပ်သားများ လ… | – |
4 | 2.3.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ ကင်းမွန်တော် ပျူစောထီးရွာကို လက… | – |
5 | 2.3.2025 | nan | မြင်းမူတွင် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများနှ… | – |
6 | 3.3.2025 | ကန့်ဘလူမြို့နယ် | ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ထဲက ထွက်လာတဲ့ စစ်… | – |
7 | 3.3.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော အကြမ်းဖက် … | – |
8 | 4.3.2025 | ကန့်ဘလူမြို့နယ် | ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ဇီးကုန်း-မလယ်လမ်းပိ… | – |
9 | 4.3.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းမှာ မတ်… | – |
10 | 4.3.2025 | တန့်ဆည်မြို့ | ရွှေဘိုခရိုင် တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းများက… | – |
11 | 5.3.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်တောင်ပိုင်းကို မတ်လ ၄ ရက်နေ့ ည ၁၂ နာရီ… | – |
12 | 6.3.2025 | ကလေးမြို့နယ် | ကလေးမြို့နယ်တောင်ပိုင်း၊ ဆည်တောကျေးရွာကို မတ်လ ၆ ရ… | – |
13 | 6.3.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းကို … | – |
14 | 7.3.2025 | ဆားလင်းကြီးမြို့ | ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ … | – |
15 | 7.3.2025 | မင်းကင်းမြို့နယ် | မင်းကင်းမြို့နယ် မအူကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့… | – |
16 | 8.3.2025 | ယင်းမာပင်မြို့နယ် | ယင်းမာပင်မြို့နယ်က နေရာ ၃ ခုကို စစ်ကောင်စီ လေကြောင… | – |
17 | 8.3.2025 | ထီးချိုင့်မြို့နယ် | ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီးသို့ စစ်ကောင်စီ… | – |
18 | 9.3.2025 | ကန့်ဘလူမြို့နယ် | ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ စစ်… | – |
19 | 10.3.2025 | ကနီမြို့နယ် | ကနီမြို့နယ် မုဌောအရှေ့ရွာနဲ့ နတ်ကြီးရွာကို စစ်ကောင… | – |
20 | 10.3.2025 | ရေဦးမြို့ | ရေဦးမြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်က… | – |
21 | 11.3.2025 | ရေဦးမြို့နယ် | ရေဦးမြို့နယ် အနောက်ဘက်ရှိ အောင်သုခကျေးရွာ ဘုန်းကြီ… | – |
22 | 11.3.2025 | တန့်ဆည်မြို့နယ် | တန့်ဆည်နယ်ရှိ စစ်အုပ်စုနဲ့ပျူစောထီးပူးပေါင်းအဖွဲ့ … | – |
23 | 12.3.2025 | ယင်းမာပင်မြို့နယ် | ယင်းမာပင်မြို့နယ် ကပိုင်ရွာကို စစ်ကောင်စီက မတ်လ ၁၂… | – |
24 | 12.3.2025 | မြောင်မြို့နယ် | မြောင်မြို့နယ်၊ ပန်းညိုရွာကို အကြမ်းဖက် စစ်တပ်က ယန… | – |
25 | 12.3.2025 | ကလေးဝမြို့နယ် | ကလေးဝမြို့နယ်၊ မထုလေးရွာကို အကြမ်းဖက် စစ်တပ်က လေယ… | – |
26 | 14.3.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာ သုသာန်အနီး၊ ကျွ… | – |
27 | 14.3.2025 | မုံရွာမြို့ | မုံရွာမြို့၊ စက်မှုဇုန်တွင်း နေရာ ၃ ခုခွဲကာ ပိုက်ဆ… | – |
28 | 15.3.2025 | ဆားလင်းကြီးမြို့ | ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီးတွင် ကင်း… | – |
29 | 15.3.2025 | မြင်းမူမြို့နယ် | မြင်းမူမြို့နယ်က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ… | – |
30 | 15.3.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းန… | – |
31 | 15.3.2025 | ရေဦးမြို့ | ရေဦးမြို့ပေါ်တွင်လည်း ကင်းလှည့်ရန် ထွက်လာသော အကြမ်… | – |
32 | 16.3.2025 | ကသာမြို့ | ကသာမြို့သို့ ထွက်ပြေးနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်… | – |
33 | 16.3.2025 | ချောင်းဦးမြို့နယ် | ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းသို့ စ… | – |
34 | 17.3.2025 | စစ်ကိုင်းမြို့နယ် | စစ်ကိုင်းမြို့နယ်၊ | – |
35 | 18.3.2025 | ကနီမြို့နယ် | ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တောင်ယာလုပ်ကိုင်… | – |
36 | 18.3.2025 | တန့်ဆည်မြို့နယ် | တန့်ဆည်မြို့နယ် အနောက်ခြမ်းကို စစ်အုပ်စုက မတ်လ ၁၈ … | – |
37 | 18.3.2025 | မြောင်မြို့ | မြောင်မြို့အနီးမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ… | – |
38 | 19.3.2025 | မြောင်မြို့ | မြောင်မြို့ပေါ် ကင်းထွက်လာတဲ့ စစ်အုပ်စုတွေကို တော… | – |
39 | 19.3.2025 | ကနီမြို့ | ကနီမြို့ရှိ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်တင်းရ… | – |
40 | 20.3.2025 | စစ်ကိုင်းမြို့နယ် | စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ် နဲ့ ဝက်လက်မြို့န… | – |
41 | 20.3.2025 | ကသာမြို့နယ် | ကသာမြို့နယ်၊ ပင်းလွတ်ရွာအနီး ပန်းတောင်းကြီး-ပန်းတေ… | – |
42 | 22.3.2025 | ဝက်လက်မြို့နယ် | ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာကို အကြမ်းဖက် စစ်တပ်က … | – |
43 | 23.3.2025 | ရေဦးမြို့ | ရေဦးမြို့မြောက်ပိုင်း၊ | – |
44 | 23.3.2025 | ချောင်းဦးမြို့ | ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံးမှ ထွက်လာသော အကြမ်း… | – |
45 | 23.3.2025 | စစ်ကိုင်းမြို့ | စစ်ကိုင်းမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီကားက… | – |
46 | 23.3.2025 | မုံရွာမြို့ | မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်… | – |
47 | 23.3.2025 | ရွှေဘိုမြို့နယ် | ရွှေဘို-ရေဦး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲရန် ပြင… | – |
48 | 23.3.2025 | ဒီပဲယင်းမြို့ | ဒီပဲယင်းမြို့ပေါ်တွင် စစ်ရဟတ်ယာဉ်ဖြင့် လာချပေးသော … | – |
49 | 23.3.2025 | ကနီမြို့ | ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရ… | – |
50 | 24.3.2025 | မုံရွာမြို့နယ် | မုံရွာမြို့နယ် အင်တိုင်းကျေးရွာကို စစ်ကောင်စီတပ်ကမ… | – |
51 | 25.3.2025 | ရွှေဘိုမြို့နယ် | ရွှေဘို – ရေဦးလမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား… | – |
52 | 25.3.2025 | တမူး ဖောင်းပြင် | တမူးနဲ့ဖောင်းပြင် မြို့နယ်ရှိကျေးရွာတွေကို စစ်အုပ်… | – |
53 | 26.3.2025 | ရွှေဘိုမြို့နယ် | ရွှေဘိုမြို့နယ်တွင် ဘန်ကာဆောက်ရန် ပစ္စည်းများ သယ်ဆ… | – |
54 | 27.3.2025 | ဆားလင်းကြီးမြို့နယ် | ဆားလင်းကြီးမြို့နယ်၊ | – |
55 | 27.3.2025 | ချောင်းဦးမြို့ | ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသေ… | – |
56 | 27.3.2025 | ဒီပဲယင်းမြို့ | ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်စခန်း ၂ ခုကို ဖက်ဆစ်တော… | – |
အထက်ဇယားပါ ထိတွေ့တိုက်ပွဲများအနက် ထူးခြားသော ဖြစ်စဉ်များကို ထုတ်နုတ်ဖော်ပြပါမည်။
၁။ မုံရွာ မန္တလေးလမ်းပေါ်က တိုက်ပွဲ
ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းမှာ မတ်လ ၄ရက်က စစ်အုပ်စုရဲ့ သံပြားကာ ကားနှစ်စီးကို တိုက်ခိုက်ခဲ့ရာမှာ ဒု-ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု ၁၇ ယောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ကားနှစ်စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၏သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါတိုက်ပွဲသို့ စစ်ကူလာသော စစ်တပ်သည် အရပ်သားခရီး သည်တင်ကားတစီးကို အတင်းဓမ္မလူသားဒိုင်းလုပ်ကာ ချီတက်ခဲ့သောကြောင့် တိုက်ပွဲတွင် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။ စစ်ကောင်စီပြန်လည်ကြီးစိုးထားသော မုံရွာ/မန္တလေးလမ်းပေါ်တွင် ယခုကဲ့သို့ ကြားဖြတ်တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်လာခြင်းသည် ၂၀၂၅ နှစ်ဦး၏ ထူးခြားမှုတရပ်အဖြစ် သုံးသပ်မိပါသည်။
၂။ ကလေးဂန့်ဂေါလမ်းပေါ်က ကျေးရွာသိမ်းတိုက်ပွဲများ
ကလေးဂန့်ဂေါလမ်း ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသော ပျူစောထီးကျေးရွာများကို ပူးပေါင်းအဖွဲ့များက မတ်လ(၆) ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲများအထိ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်းတွေ့ရသည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် စစ်ကူပေးခြင်း၊ လက်နက်ကြီးပစ်ကူပေးခြင်းများရှိနေပြီး အရပ်သားထိခိုက်သေဆုံးမှု များလည်းရှိနေသည်။ ကလေးဂန့်ဂေါလမ်းတလျှောက်ရှိ ပျူစောထီးကျေးရွာအချို့တွင် စစ်တပ်က တပ်စွဲထားပြီး လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးစားလျက်ရှိရာ အဆိုပါကျေးရွာများကို သိမ်းပိုက်ပြီး တော်လှန်ရေးတပ်များက လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဖေဖော်ဝါရီလနှင့် မတ်လ စစ်ရေးဖြစ်စဉ်များကို လေ့လာကြည့်ပါက မြို့သိမ်းတိုက်ပွဲများ အရှိန်တန့်နေပြီး စခန်းသိမ်းတိုက်ပွဲအချို့နှင့် ရန်သူ့စစ်ကြောင်းကို ထိထိရောက်ရောက်ကြားဖြတ်တိုက်ခိုက်နိုင်မှုများသာ တွေ့ရသည်။ ယခင်လများထက် ထိတွေ့တိုက်ပွဲများပိုမိုများပြားခဲ့သော်လည်း စစ်ဆင်ရေးကြီးများ မစတင်နိုင်သေးသည်ကို တွေ့ရသည်။