၁။ စစ်ကောင်စီတပ်သားများ အလင်းဝင်မှု
- 12.5.2025 – တန့်ဆည်မြို့နယ်: ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း ၂ ဦး သေနတ် ၂ လက်နှင့်အလင်းဝင် လာခဲ့သည်။
- 27.5.2025 – မုံရွာမြို့: စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့ဘက်ပြောင်းခိုလှုံလာခဲ့သည်။
တပ်သားအလင်းဝင်မှုများသည် မေလအတွင်း ထပ်မံဖြစ်ပွားခဲ့ပြီး၊ မုံရွာနှင့် တန့်ဆည်မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဖေဖော်ဝါရီ – မတ်လနှင့် ဧပြီလအတွင်းတွင်လည်း ဖြစ်ပွားခဲ့သည်။ နေ့စဉ်ရက်ဆက် အလင်းဝင်မှုများသည် စစ်ကောင်စီ၏ တပ်တွင်းဩဇာအာဏာကျဆင်းမှုနှင့် စစ်သားများ၏ စိတ်ဓာတ်ကျခြင်းကိုဖော်ပြနေသည်။
၂. ပြည်သူ့အုပ်ချုပ်ရေးနှင့် ပအဖ လှုပ်ရှားမှုများ
၁။ ကန့်ဘလူမြို့နယ် ပအဖခေါင်းဆောင်နေရာသစ်ရွေးချယ်ရေးပြုလုပ်မည်ဟုကြေညာခြင်း။
ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ( ကန့်ဘလူ-ပအဖ ) ခေါင်းဆောင် ဦးဇော်မြင့်ဦး(ခ) ဦးမဲခေါင်သည် လိင်အကြမ်းဖက်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရပြီး တာဝန်မှ ရပ်ဆိုင်းခံထားရသောကြောင့် ခေါင်းဆောင်သစ်ရွေးခြယ်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ NUG ပြည်ထဲ ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်တစုံတရာ မရရှိသေးသော်လည်း အသစ်ရွေးချယ်ရန် သေချာသလောက်ဖြစ်နေသည်ဟုဒေသခံရပ်မိရပ်ဖများနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကဆိုသည်။ လစ်လပ်နေတဲ့ ကန့်ဘလူ-ပအဖ ခေါင်းဆောင်နေရာသစ် ရွေးချယ်ရန် ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ က လျာထားပြီးဖြစ်သည်ဟု သတင်းများကဆိုသည်။ ဤအုပ်ချုပ်မှုသစ်ရွေးချယ်ခြင်းဖြစ်စဉ်သည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ၏ စနစ်တကျဖြစ်စေရေး တွန်းအားပေးသော ဖြစ်စဉ်တခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
၃. ရာဇဝတ်မှုများကိုဖြေရှင်းခြင်း။
- 1.5.2025 – မြင်းမူ: ရွှေဆိုင်ပိုင်ရှင်ဓားပြတိုက်ခံမှုအတွက် ၉ ဦးဖမ်းဆီးရမိခဲ့သည်။
- 19.5.2025 – တမူးခရိုင်: ရဲ ၁၀ ဦး သတ်ဖြတ်ခံရမှုအမှုအတွက် အိန္ဒိယအစိုးရနှင့်ဆွေးနွေးနေသည်ဟု NUG ထုတ်ပြန်ကြေညာခဲ့သည်။
သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများသည် တတ်နိုင်သလောက် တရားမျှတရေး လုပ်ငန်းစဉ်များဆောင်ရွက်နေကြသည်။ အုပ်ချုပ်ရေးဆိုင်ရာ တိုးတက်မှုတရပ်အဖြစ် သုံးသပ်နိုင်သည်။
အုပ်ချုပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာ ထူးခြားဖြစ်စဉ်အဖြစ် ကနီမြို့နယ်ရှိ PDF တပ်ရင်းမှူးတစ်ဦးနှင့် CDM သူနာပြုတို့ သေဆုံးမှုကိုတွေ့ရသည်။ အဆိုပါဖြစ်စဉ်ကို အသေးစိတ်တင်ပြပါမည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ နေအိမ်တစ်အိမ်ထဲတွင် ကနီမြို့နယ် အခြေစိုက် B-21 PDF တပ်ရင်းမှူး ကိုဖိုးစီနှင့် CDM ကျန်းမာရေး ဆရာမ မဇာနည်ဝင်းတို့ နှစ်ဦး၏ ရုပ်အလောင်းကို သေနတ်ကျည် ဒဏ်ရာများနှင့် တွေ့ရှိရကြောင်း ဒေသခံတင်းတပ်ဖွဲ့၏ ပေးပို့ချက်အရသိရသည်. ဧပြီ ၃၀ရက် ည ၁၁ နာရီ ဝန်းကျင်က အခင်းဖြစ်ပွားခဲ့ပြီးမျက်မြင်သက်သေများ၏ ပြောဆိုချက်အရ ဆရာမအား ကိုဖိုးစီက သေနတ်နှင့် ပစ်ခတ်ပြီးနောက် သူ့ကိုယ်သူလည်း ပစ်ခတ်သွားကြောင်း သိရသည်။ သို့သော် စစ်ဆေးချက်များအရ မိမိကိုယ်ကိုယ်ပစ်ခတ်သည်ဟုဆိုသော ကိုဖိုးစီတွင် သေနတ်ဒဏ်ရာ ၃ ချက်ထက်မနည်းတွေ့ရှိရသဖြင့် အငြင်းပွားဖွယ်လည်းဖြစ်နေသည်။ အဆိုပါကျေးရွာသည် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့်နေ ရာဖြစ်ပြီး အနီးအနားတွင်လည်း စစ်ကောင်စီအခြေစိုက်စခန်းများမရှိကြောင်းလည်း ဒေသခံများက အတည်ပြုသည်။ အဆိုပါအမှုသည် ရှုပ်ထွေးပြီး အမှန်တရားပေါ်ပေါက်ရေးအတွက် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ကနီပအဖကဆိုသည်။ လွန်ခဲ့သော နှစ်ကုန်ကလည်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးမိသားစုအသတ်ခံခဲ့ရပြီး အဆိုပါအမှုကိုလည်း လက်ရှိအချိန်အထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။
အထက်ပါအချက်အလက်များအရ အုပ်ချုပ်ရေးလုပ်ဆောင်မှုများမှာ ပိုမိုစနစ်ကျစေရန် ကြိုးပမ်းမှုများရှိနေသော် လည်း အားနည်းချက်များရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ရန်သူ့လက်ချက်မဟုတ်သော ရာဇဝတ်မှုများကို စနစ်တကျ ဖော်ထုတ်နိုင်ရန် လိုအပ်ချက်များရှိနေသေးသည်။ စီမံခန့်ခွဲမှုဆိုင်ရာ တိုးတက်မှုအချို့ကိုတွေ့ရပြီး အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများကိုလည်း လူထုကတောင်းဆိုနေသည်ကိုတွေ့ရသည်။