ဂန့်ဂေါမြို့၊နှမ်းခါးရွာဆေးပေးခန်းကိုစစ်တပ်ဗုံးကြဲ – အနည်းဆုံးလူ(၁၁)ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိနှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက ယမန်နေ့(မတ် ၂၂)  နံနက်ပိုင်းတွင် ဗုံးကြဲချခဲ့ရာ ဆရာဝန်မိသားစုနှင့် ဆေးခန်းလာပြသည့် လူနာများပါအဝင်  ၁၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြို့ မြောက်ဘက် ၃၆ မိုင်ခန့်အကွာ ကလေး – ဂန့်ဂေါ ကားလမ်းဘေးရှိ နှမ်းခါးရွာလယ်မှ ဆေးခန်းဖွင့်လှစ်သည့် နံနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တပ်ကဗုံးလာကြဲသဖြင့်  သေဆုံးသူများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

သေဆုံးသူများတွင် ဆရာဝန်၊ ဆရာဝန်၏ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ဇနီးသည် နှင့်ကလေးငယ် ၊ ဆေးခန်းလာပြသူ မိသားစု ၃ ဦး တစ်စု၊ မြေးအဘွား ၁ ဦး၊ ဆေးခန်းတွင် ကူညီလုပ်ကိုင်ပေးနေသူများနှင့် ဘေးအိမ်မှ အိမ်နီးချင်း ၁ ဦး ပါဝင်ကြောင်း ဒေသခံများထံမှသိရ သည်။

“(ဗုံးဒဏ်ကြောင့် ဆေးခန်းဖွင့်ထားတဲ့) အိမ်ပျောက်သွားတယ်ပေါ့ဗျာ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တစစီဖြစ်သွားတယ်။ ဟိုဘက်တစ်အိမ်ကျရင်တော့ မီးလောင်သွားပြီး ပြာကျသွားတယ်”ဟု အခင်းဖြစ်ရာနေရာသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့သည့် ဂန့်ဂေါ ဒေသခံ တစ်ဦးက ပြောသည်။

fasdfasdfadsf

ပြန်စာထားခဲ့ပါ။

Your email address will not be published. Required fields are marked *