၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အုပ်ချုပ်မှု၊ စိုးမိုးရေးရာနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များစွာ ဖြစ်ပေါ်ခဲ့သည်။ အောက်ပါအချက်များသည် ထင်ရှားသည့်ဖြစ်စဉ်များဖြစ်ပြီး စစ်အုပ်စုနှင့် NUG သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ ဒေသခံများအကြား အကျိုးသက်ရောက်မှုများကို ဖော်ပြသည်။
၁။ အလင်းဝင်မှုနှင့် စစ်သားဘက်ပြောင်းမှုများ
ဇွန် ၆ – ရွှေဘိုမြို့နယ် တွင် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ခဲ့သည်။
ဇွန် ၉ – ဗန်းမောက်မြို့နယ် တွင် စစ်အုပ်စု လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည်။
ဇွန် ၁၅ – ပုလဲမြို့နယ် တွင် တိုက်ပွဲများအတွင်း ပို့ခံထားသည့် စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံခဲ့သည်။
ဇွန် ၂၇ – ဟုမ္မလင်းမြို့နယ် တွင် စစ်သားစုဆောင်းခံထားရသည့် လူငယ် ၂ ဦး ပ.က.ဖ ထံ အလင်းဝင်ခဲ့သည်။
ဇွန် ၃၀ – ခန္တီးမြို့နယ် ခလရ ၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး မိသားစုနှင့်အတူ အလင်းဝင်ခဲ့သည်။
အထက်ပါအချက်များအရဇွန်လအတွင်း စစ်သားများနှင့် ပြည်သူအချို့၏ အလင်းဝင်မှုများ တိုးပွားလာပြီး စစ်ကောင်စီ၏ စစ်သားထိန်းချုပ်နိုင်မှု ကျဆင်းနေသည့် အခြေအနေကို ထင်ဟပ်ပြသည်။
၂။ အုပ်ချုပ်ရေးဆိုင်ရာဖြစ်ရပ်များ
ဇွန် ၁၈ – ဝက်လက်စစ်ဆေးရေးဂိတ် တွင် ဆန္ဒပြလှုပ်ရှားမှုကြောင့် အခွန်ကောက်ခံမှု ယာယီရပ်နားပြီး နောက်ပိုင်း ညှိနှိုင်းထားသည့်နှုန်းနဲ့ ဆက်လက်ကောက်ခံမည်ဟု ကြေညာခဲ့သည်။
ဇွန် ၁၁ – ဒီပဲယင်းမြို့နယ် တွင် မိုးကြောင့် ရေလျှံမှု ဖြစ်ပေါ်ရာ မြို့နယ်ပအဖ ဦးဆောင်၍ ဆည်မြောင်းပြုပြင်ကာကွယ်ခဲ့သည်။
ဇွန် ၂၉ – ဝက်လက်မြို့နယ် တွင် ပလဖအဖွဲ့မှ မူးယစ်ဆေးပြား ၃၀,၀၀၀ ကျော်နှင့်အတူ အမျိုးသားတဦး ဖမ်းမိခဲ့သည်။
ဇွန် ၂၀ – ကန့်ဘလူမြို့နယ် တွင် ပအဖ ခေါင်းဆောင် နေရာ လစ်လပ်နေလျက်ရှိ၍ ငါးလအထိ အစားထိုးမရွေးချယ်နိုင်သေးပေ။
ဇွန် ၂၅ – စစ်ကိုင်းယူနစ် မှ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ဇွန် ၁၈ – ကနီမြို့နယ် တွင် ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
စသောအချက်များအရ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်း သည် အုပ်ချုပ်မှုရေးရာအတွက် အရေးကြီးဆုံး ဖြစ်ရပ်တစ်ခုအဖြစ် ထင်ရှားနေပြီး ဒေသဆိုင်ရာ ပညာရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများလည်း တိုးတက်အောင် ဆောင်ရွက်နေကြောင်းတွေ့ရသည်။
ဇွန်လအတွင်း စစ်ကိုင်းတိုင်း၌ စစ်သားများ၏ အလင်းဝင်မှုများ တိုးပွားခြင်း၊ စစ်အုပ်စု၏ အခွန်များတိုးချဲ့ခြင်းနှင့် စိုးမိုးရေးဖိအားများ တိုးမြှင့်ခြင်း တို့ကို တွေ့မြင်ခဲ့ရသည်။ ထိုအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်း က ဖက်ဒရယ်ယူနစ်အတွက် အရေးပါသည့် တိုးတက်မှုတစ်ခုအဖြစ် သက်သေပြနေသည်။ သို့သော် အားနည်းချက်များကြောင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ နည်းပါးလျက်ရှိနေသေးကြောင်းတွေ့ရသည်။