2025 ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အုပ်ချုပ်မှုရေးရာဖြစ်စဉ်များ

အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များ သုံးသပ်ချက် (ဖေဖော်ဝါရီ – မတ် ၂၀၂၅)

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်ကိုင်းတိုင်းရှိ တိုင်းဒေသကြီးများတွင် အုပ်ချုပ်ရေးဆိုင်ရာသတင်းများ စုစုပေါင်း ၁၁ ဖြစ်စဉ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤဖြစ်စဉ်များတွင် အထူးသဖြင့် စစ်ကောင်စီဘက်မှ အလင်းဝင်မှု၊ တပ်သားသစ်လက်ခံခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း စသည့် အရေးပါမှုရှိသောအချက်များပါဝင်သည်။

 ထင်ရှားသောအချက်များ

  • အလင်းဝင်မှု (Defections)
    • ရေဦးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့တွင် စစ်ကောင်စီသို့ကူးလာသည့် တပ်သားများနှင့် SNA တပ်သားများအလင်းဝင်မှုအဖြစ် မှတ်တမ်းတင်ထားသည်။
  • ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းမှု
    • မင်းကင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဖော်ပြထားသည်။
  • စစ်ကောင်စီအဖွဲ့ဝင်အဖမ်းခံမှု
    • ရွှေဘိုမြို့နယ်တွင် ပျူစောထီးတစ်ဦး၊ သေနတ်တစ်လက် ဖမ်းဆီးခံရခြင်း ဖြစ်စဉ်ဖော်ပြထားသည်။

ဖြစ်ပွားသည့်မြို့နယ်များ

အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များအများဆုံးဖြစ်ပွားခဲ့သည့်မြို့နယ်များမှာ –

  • မုံရွာမြို့နယ် (၂ ကြိမ်)
  • ရွှေဘိုမြို့နယ် (၂ ကြိမ်)

ကန့်ဘလူ၊ ရေဦး၊ ဟုမ္မလင်း၊ ပုလဲ၊ မင်းကင်း၊ ကလေး၊ ယင်းမာပင် တို့တွင်လည်း သီးခြားဖြစ်စဉ်များအနည်းဆုံး တစ်ကြိမ်စီ ဖြစ်ပွားခဲ့သည်။

စဉ် မြို့နယ် ဖြစ်စဉ်ကြိမ်ရေ အကြောင်းအရာ
ကလေး စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှကလေးမြို့လူထုသပိတ်ကော်မတီနုတ်ထွက်မှုဖြစ်စဉ်
ပုလဲ စစ်ကောင်စီတပ်သားအလင်းဝင်မှု
မင်းကင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း
မုံရွာ တပ်သားသစ် လက်နက်ယူလက်ခံမှုနှစ်ကြိမ်
ယင်းမာပင် ပကဖ (ULF) စစ်ကြောင်းခေါင်းဆောင် ရွေးကောက်တင်မြှောက်ခြင်း
ရေဦးမြို့ စစ်ကောင်စီဗိုလ်ကြီးအလင်းဝင်မှု
ရွှေဘို တပ်သားများလှုပ်ရှားမှုနှင့် ပျူစောထီးဖမ်းဆီးမှု
ရွှေဘိုနှင့် ကလေး စစ်ကောင်စီ တပ်သားသစ် ၁ ဦးလက်ခံမှု
ဟုမ္မလင်းမြို့နယ် SNA တပ်သား ၉ ဦး အလင်းဝင်မှု

အဆိုပါဖြစ်စဉ်များထဲမှ ထူးခြားဖြစ်စဉ်အဖြစ် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းမှ ကလေးသပိတ်ကော်မတီနုတ်ထွက်မှုကို တွေ့ရသည်။ ကလေးသပိတ်ကော်မတီက မတ်လ စတုတ္ထအပတ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းနှင့်ပူးပေါင်းပါဝင်ခြင်းမရှိတော့ကြောင်းကြေညာထားသည်။ သို့သော် လက်ရှိအချိန်တွင် စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၏ အတွင်းရေးမှူးတနေရာတွင် ကလေးသပိတ်ဦးဆောင်ကော်မတီဝင်တဦး ပါရှိနေဆဲဖြစ်သည်ကိုလည်းတွေ့ရသဖြင့် အတည်ပြုရန်ခက်ခဲနေသည်။