နိုင်ငံရေးဖြစ်စဉ်များတွင် သပိတ်ဖြစ်စဉ်များနည်းတူ နိုင်ငံရေးအစုအဖွဲ့အသီးသီး၏ တိုင်းတွင်းလှုပ်ရှားမှု ခြေလှမ်းများကိုပိုမိုတွေ့ရှိလာရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖိုရမ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးသပိတ်အင်အားစု တို့အကြားအပြန်အလှန်တွေ့ဆုံမှုများ ပိုမိုခြေလှမ်းစိတ်လာသကဲ့သို့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်နိုင်ငံ့ဝန်ထမ်း CDM ကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် စတင်စုစည်းမှုခြေလှမ်းများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ အဖြစ်အပျက်များကို စစ်ကိုင်းနိုင်ငံရေးထူးခြားဖြစ်စဉ်များအဖြစ် မှတ်တမ်းတင်ထားသည်။ ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံမှု စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အဖွဲ့အစည်းများတွေ့ဆုံမှု ဇယား စဉ် ရက်စွဲ အဖွဲ့အစည်း အကြောင်းအရာ မှတ်ချက် ၁။ ၄.၁.၂၀၂၅ မြန်မာ့မီးရထား(တိုင်းအမှတ်-၂)စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ ဖွဲ့စည်းပုံမူကြမ်း ၂။ ၆.၁.၂၀၂၅ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းပုံမူကြမ်း ၃။ ၆.၁.၂၀၂၅ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဖွဲ့စည်းပုံမူကြမ်း ၄။ ၇.၁.၂၀၂၅ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဖွဲ့စည်းပုံမူကြမ်း ၅။ ၈.၁.၂၀၂၅ စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ(UICs) ဖွဲ့စည်းပုံမူကြမ်း ၆။ ၉.၁.၂၀၂၅ […]