ဖေဖော်ဝါရီလနှင့် မတ်အတွင်း နိုင်ငံရေးအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး သပိတ်စစ်ကြောင်းများ၊ ၏ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများပေါ်ပေါက်လာသည်။ ယင်းမာပင်၊ မုံရွာ၊ ကနီ တို့တွင် လူထုလှုပ်ရှားမှုများနှင့် မီဒီယာမှ မျှဝေသည့် အချက်အလက်များအရ နိုင်ငံရေးလှုပ်ရှားမှု၏ ကျယ်ပြန့်မှုကိုတွေ့မြင်ရသည်။ဇန်နဝါရီလကစတင်ခဲ့သော ဖက်ဒရယ်ယူနစ်ဆိုင်ရာဖွဲ့စည်းပုံဆွေးနွေးမှုများသည် ဖေဖော်ဝါရီလအတွင်းတွင်လည်း ဆက်လက်ပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့်အဖွဲ့အစည်းများအထိ ကျယ်ပြန့်လာသည်။ ထို့အတူဖေဖော်ဝါရီ ၂ ရက်နေ့တွင် မော်လူးမြို့နယ်မှ လူထုသပိတ်ဦးဆောင်အဖွဲ့သည် မိမိဒေသအတွင်းဖက်ဒရယ်ယူနစ် CDM ကောင်စီဖွဲ့စည်းမှုအကြောင်းဆွေးနွေးခဲ့သည်။ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM များအစည်းအဝေးပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ ဒုတိယမူကြမ်းနှင့် ယင်းမူကြမ်းပြင်ဆင်ချက်အဖြစ် တတိယမူကြမ်းပါ ထွက်ရှိခဲ့သဖြင့် နိုင်ငံရေးအရှိန်အဟုန်ကောင်းလာသည်ဟုပြော၍ရသည်။ သို့သော် မတ်လ(၂၈) ရက်နေ့တွင်စစ်ကိုင်းမြို့နယ် ရေခါးအင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော (၇.၇) Magnitude ရှိငလျင်သည်လည်း နိုင်ငံရေးဖြစ်စဉ်များအကြား […]