ဖေဖော်ဝါရီလနှင့် မတ်လ အတွင်းတွင်လည်းအတင်းဓမ္မစစ်သားစုဆောင်းခြင်း အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ကြောင်းထိုးရှင်းလင်းမီးရှို့ခြင်းကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ရသကဲ့သို့ သတ်ဖြတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ စစ်ရာဇဝတ်မှုများ သုံးသပ်ချက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသများ၌ စစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်မှုများနှင့်ပတ်သက်သည့် စစ်ရာဇဝတ်မှုဖြစ်စဉ်များ စုစုပေါင်း ၁၉ ကြိမ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤအမှုများအနက် တချို့မှာ မြို့ပြဒေသများနှင့် တခြားတပ်စခန်းများအနီးမှ ထွက်လာသော တပ်အဖွဲ့များ၏ တိုက်ခိုက်မှုများဖြစ်ပြီး၊ ကျေးရွာများ၌ တိုက်ခိုက်မှု၊ လူထုကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းများလည်း ဖြစ်ပွားခဲ့သည်။ အဓိကထင်ရှားသောအချက်များ သေဆုံးမှုများ: အနည်းဆုံး ၆ဖြစ်စဉ်တွင် သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ ထဲမှာ ဥပမာအားဖြင့် – ဘုတလင်မြို့နယ်တွင် (၁၀) ဦး၊ မုံရွာမြို့နယ်တွင် […]
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ထိတွေ့တိုက်ပွဲအခြေအနေ သုံးသပ်ချက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ (PDF/LPDF) တို့ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ကနီ၊ အရာတော်၊ ရေဦး၊ မုံရွာ၊ မြောင်၊ ဘုတလင်၊ ဆားတောင်၊ ရွှေဘို စသည့် မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ အထူးပြင်းထန်ခဲ့သည်။ စစ်တပ်၏ အကြမ်းဖက်မှုများအဖြစ် ဘုတလင်မြို့နှင့် ဆားတောင်မြို့တွင် လူသတ်မှု၊ တပ်စွဲခြင်း၊ ကျေးရွာမီးရှို့ခြင်းများကို ကျူးလွန်ခဲ့သည်။ အရာတော်မြို့နယ် ငွေတွင်းရွာ၊ ရေဦးမြို့နယ် အောင်သုခကျေးရွာ စသည့်ဒေသများတွင်လည်း စစ်ကောင်စီမှ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ မုံရွာမြို့နယ်အတွင်း ဝမ်ပေါင်ကုမ္ပဏီနှင့်ပတ်သက်၍ ကြေးနီသယ်ယူရေးအတွက် စစ်တပ်၏ ကာကွယ်မှု့လုပ်ငန်းများကြောင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ရွှေဘိုမြို့နယ် ဥသျှစ်ကန်ကျေးရွာသုသာန်အနီး […]