Day: ဧပြီ 16, 2025

၁။နိုင်ငံရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ပူးပေါင်းဖော်ဆောင်မှုများပိုမိုဖြစ်ပေါ်လာပြီး ညှိနှိုင်းခွဲဝေမှုများအထိ ဖြစ်လာနေသည်။ တပြိုင်တည်းမှာပင် မိတ်ဖက်ပဋိပက္ခသို့ သက်ရောက်နိုင်သည့် စုဖွဲ့မှုများလည်းဖြစ်လာနေသည်။ ၂။ စစ်ရေးဖြစ်စဉ် စစ်ရေးဖြစ်စဉ်မှာ စစ်ရေးအရှိန်ကျသွားသကဲ့သို့ဖြစ်နေသော်လည်း အားယူငြိမ်သက်ခြင်းများဟုလည်း ယူဆနိုင်သည်။ စစ်ကောင်စီ၏ လေကြောင်းအသာစီးရယူနိုင်မှုကြောင့် စစ်ရေးလှုပ်ရှားမှုများအားနည်းသွားခြင်းများလည်းရှိသည်။ မြေပြင်ထိတွေ့တိုက်ပွဲများတွင်မူ တော်လှန်ရေး တပ်များက အသာရနေဆဲဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများ ဗျူဟာမြောက်ပူးပေါင်းစစ်ဆင်ရေးများလည်း ပြန်လည်စတင်လာနိုင်သည်ကိုတွေ့ရသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ ၄။ အုပ်ချုပ်ရေးဖြစ်စဉ် စိန်ခေါ်မှုများ ပိုမိုများပြားလာပြီး စီမန်ခန့်ခွဲမှု ရောယှက်မှုများလည်းဖြစ်ပေါ်နေသည်။

အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များ သုံးသပ်ချက် (ဖေဖော်ဝါရီ – မတ် ၂၀၂၅) ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်ကိုင်းတိုင်းရှိ တိုင်းဒေသကြီးများတွင် အုပ်ချုပ်ရေးဆိုင်ရာသတင်းများ စုစုပေါင်း ၁၁ ဖြစ်စဉ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤဖြစ်စဉ်များတွင် အထူးသဖြင့် စစ်ကောင်စီဘက်မှ အလင်းဝင်မှု၊ တပ်သားသစ်လက်ခံခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း စသည့် အရေးပါမှုရှိသောအချက်များပါဝင်သည်။  ထင်ရှားသောအချက်များ အလင်းဝင်မှု (Defections) ရေဦးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့တွင် စစ်ကောင်စီသို့ကူးလာသည့် တပ်သားများနှင့် SNA တပ်သားများအလင်းဝင်မှုအဖြစ် မှတ်တမ်းတင်ထားသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းမှု မင်းကင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဖော်ပြထားသည်။ စစ်ကောင်စီအဖွဲ့ဝင်အဖမ်းခံမှု ရွှေဘိုမြို့နယ်တွင် ပျူစောထီးတစ်ဦး၊ သေနတ်တစ်လက် ဖမ်းဆီးခံရခြင်း ဖြစ်စဉ်ဖော်ပြထားသည်။ ဖြစ်ပွားသည့်မြို့နယ်များ အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များအများဆုံးဖြစ်ပွားခဲ့သည့်မြို့နယ်များမှာ – မုံရွာမြို့နယ် (၂ ကြိမ်) ရွှေဘိုမြို့နယ် (၂ ကြိမ်) […]