Blog

၁။ နိုင်ငံရေးဖြစ်စဉ် ၂၀၂၅ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများသည် ဇွန်လအတွင်း ပိုမိုသက်ရောက်လာခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း သည် နိုင်ငံရေးအလားအလာအတွက် အရေးပါသည့်အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မြေပြင်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတက်ကြွလာခဲ့ပြီး သဘာဝဘေး အစီအစဉ်များထက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုအဆင့်မြင့်လာခဲ့သည်။ ၂။ စစ်ရေးဖြစ်စဉ် မေလအတွင်း ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုများမှာ စစ်ရှိန်ကျဆင်းသွားပြီး ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှု များသာ အများဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်ဌာနချုပ်များအပေါ် အဝေးမှတိုက်ခိုက်နိုင်မှုများ ဆက်လက်ကြံဆောင်နိုင်ခဲ့သည်။ သို့သော် ထိခိုက်မှုအလွန်ကြီးမားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသည်။ ၃။ စစ်ရာဇဝတ်မှုဖြစ်စဉ် မေလကတည်းက တိုးတက်လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်မှုများ […]

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အုပ်ချုပ်မှု၊ စိုးမိုးရေးရာနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များစွာ ဖြစ်ပေါ်ခဲ့သည်။ အောက်ပါအချက်များသည် ထင်ရှားသည့်ဖြစ်စဉ်များဖြစ်ပြီး စစ်အုပ်စုနှင့် NUG သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ ဒေသခံများအကြား အကျိုးသက်ရောက်မှုများကို ဖော်ပြသည်။ ၁။ အလင်းဝင်မှုနှင့် စစ်သားဘက်ပြောင်းမှုများ ဇွန် ၆ – ရွှေဘိုမြို့နယ် တွင် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ခဲ့သည်။ ဇွန် ၉ – ဗန်းမောက်မြို့နယ် တွင် စစ်အုပ်စု လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည်။ ဇွန် ၁၅ – ပုလဲမြို့နယ် တွင် တိုက်ပွဲများအတွင်း ပို့ခံထားသည့် စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံခဲ့သည်။ ဇွန် ၂၇ – […]

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်သည်။ စခန်းပြန်လည်ရရှိရေး အတွက် စစ်ကြောင်းထိုးတိုက်ခိုက်မှုများကို တိုးချဲ့လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုနှုန်းမှာ ပိုမိုမြင့်တက်လာ သည်ကို တွေ့ရသည်။ တလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ ပုလဲ၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ရွှေဘို၊ ဗန်းမောက်၊ ဝန်းသို၊ ပင်လည်ဘူး စသည့်မြို့နယ်များတွင် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ် မှတ်တမ်းတင်ထားရပြီး၊ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးခြင်း (၁၅) ဦး၊ ဒဏ်ရာရခြင်း (၇) ဦး ဖြစ်ပေါ်ခဲ့သည်။ အပြိုင်၊ စစ်ကြောင်းထိုးခြင်း များလည်း မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ဘုတလင်နယ်များတွင် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အရပ်သားများ ဖမ်းဆီးခံရမှု ၁၈၇ ဦး အထိ ရှိသည့်အပြင် […]

၂၀၂၅ ဇွန်လအတွင်း စစ်ကိုင်းဒေသ စစ်ရေးဖြစ်စဉ်များအရ တော်လှန်ရေးအင်အားစုများက လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းဆွဲ တိုက်ခိုက်မှုများကို တချိန်တည်း ချဉ်းကပ်အသုံးပြုသဖြင့် စစ်ကောင်စီဘက်တွင် လူနှင့်ပစ္စည်းအနည်းဆုံးထိခိုက်မှုများ များစွာ ဖြစ်ပွားခဲ့ကြောင်းတွေ့ရသည်။ ထို့ပြင် မေလထက် စခန်းသိမ်းတိုက်ပွဲများပိုမိုဆင်နွှဲလာနိုင်ပြီး ထူးခြားချက်အဖြစ် စစ်ကိုင်းတိုင်းတွင် ပထမဆုံးအဖြစ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ ၁။ တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ  တိုက်ပွဲ နေရာများ သည် မုံရွာ၊ ပုလဲ၊ ရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ အရာတော်၊ ချောင်းဦး၊ ကန့်ဘလူ၊ ဗန်းမောက်၊ မြင်းမူ၊ ဆားလင်းကြီး တို့ဖြစ်သည်။ မြို့ပေါ်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ သည်။ လက်နက်သိမ်းဆည်းမှု နှင့် စခန်းသိမ်းပိုက်မှု ဖြစ်စဉ်များလည်းရှိပြီး ရွှေဘို၊ စစ်ကိုင်း၊ ပုလဲနယ် စသည့် နေရာများတွင် စစ်အုပ်စုစခန်းများ၊ ရဲစခန်းများကို […]

(၁) နိုင်ငံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ ဇွန်လ ၂၀၂၅ တလျောက် နိုင်ငံရေးဆန္ဒပြပွဲများ ဆက်လက်တိုးတက်ခဲ့ပြီး အဓိကအားဖြင့် ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်များတွင် လူထုသပိတ်များဖြစ်ပွားခဲ့သည်။ “အောင်လံလွှင့်မည် ဒေါင်းသွေးနီ”၊ “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး” စသည့် အမည်များဖြင့် နေ့စဉ်ချီတက်ဆန္ဒပြခဲ့ကြသည်။ ဇွန်လ ၁၅ မှ ၁၉ အထိ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်များ၊ လူထုဆန္ဒပြပွဲများ၊ ဂုဏ်ပြုအခမ်းအနားများ ကျင်းပခဲ့ကြသည်။ ဖက်ဒရယ်ယူနစ် လွှတ်တော်များနှင့် သပိတ်အင်အားစုများမှလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။   ၂၀၂၅ ခုနှစ်ဇွန်လအတွင်းတွင် စစ်ကိုင်းတိုင်း၏  နိုင်ငံရေးဖြစ်စဉ်မှာ  ဆက်လက်တိုးတက်နေပြီး   စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ ကာလအတန်ကြာလိပ်ခဲတည်းလည်းဖြစ်နေသော ဝက်လက်အခွန်ကောက်ခံမှုများနှင့် ပတ်သက်၍ ကားသမားများဆန္ဒထုတ်ဖော်မှုများလုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ဆန္ဒပြမှုဖြစ်စဉ်များဆက်လက်ရှိနေသည်ကိုလည်း […]

၁။ စစ်ကောင်စီတပ်သားများ အလင်းဝင်မှု 12.5.2025 – တန့်ဆည်မြို့နယ်: ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း ၂ ဦး သေနတ် ၂ လက်နှင့်အလင်းဝင် လာခဲ့သည်။ 27.5.2025 – မုံရွာမြို့: စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့ဘက်ပြောင်းခိုလှုံလာခဲ့သည်။ တပ်သားအလင်းဝင်မှုများသည် မေလအတွင်း ထပ်မံဖြစ်ပွားခဲ့ပြီး၊ မုံရွာနှင့် တန့်ဆည်မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  ယင်းသည် ဖေဖော်ဝါရီ – မတ်လနှင့် ဧပြီလအတွင်းတွင်လည်း ဖြစ်ပွားခဲ့သည်။ နေ့စဉ်ရက်ဆက် အလင်းဝင်မှုများသည် စစ်ကောင်စီ၏ တပ်တွင်းဩဇာအာဏာကျဆင်းမှုနှင့် စစ်သားများ၏ စိတ်ဓာတ်ကျခြင်းကိုဖော်ပြနေသည်။ ၂. ပြည်သူ့အုပ်ချုပ်ရေးနှင့် ပအဖ လှုပ်ရှားမှုများ  ၁။ ကန့်ဘလူမြို့နယ် ပအဖခေါင်းဆောင်နေရာသစ်ရွေးချယ်ရေးပြုလုပ်မည်ဟုကြေညာခြင်း။ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ( ကန့်ဘလူ-ပအဖ ) ခေါင်းဆောင် ဦးဇော်မြင့်ဦး(ခ) […]

၂၀၂၅ ခုနှစ် မေလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ မြေပြင်စိုးမိုးမှုအခြေအနေအရ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ကျေးရွာစီးနင်းမှုများ လျော့ပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှုရာခိုင်နှုန်းမှာ ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။ တလအတွင်း ဝက်လက်၊ ချောင်းဦး၊ မုံရွာ၊ ကနီ၊ ကောလင်း၊ တမူး၊ ဒီပဲယင်း၊ မော်လူး၊ ရွှေဘိုစသော မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှု(၂၅) ကြိမ်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ ချောင်းဦး၊ စစ်ကိုင်း၊ ဘုတလင်၊ ပုလဲနယ်များ၌ စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုး၊ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။ စစ်ကောင်စီ၏ လက်ချက်ဟုတ်မဟုတ် မသေချာသော NUG လက်အောက်ခံပအဖခေါင်းဆောင်တဦး သတ်ဖြတ်ခံရမှုလည်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ စစ်ရာဇဝတ်မှုများအနက်ထင်ရှားသောဖြစ်စဉ်များကိုထုတ်နုတ်ဖော်ပြပါမည်။ ၁။ ဒီပဲယင်းအိုးထိမ်းတွင်းရွာ စာသင်ကျောင်းဗုံးကြဲမှု စစ်ကောင်စီသည် တော်လှန်ရေးစိုးမိုးနယ်မြေများတွင် စာသင်ကျောင်းများ၊ ဆေးရုံများကို အဓိကပစ်မှတ်အဖြစ် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သော […]

တိုက်ခိုက်မှုမြန်နှုန်းမြင့်တက်လာခြင်း မေလအတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ စစ်အုပ်စုများ၊ စခန်းများနှင့် လှည့်ကင်းတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်မှု (Ambush), ဒရုန်းပစ်မှတ်တိုက်ခိုက်မှု (Drone Strike) နှင့် မိုင်းခွဲတိုက်ခိုက်ခြင်း (IED/landmine) များဖြင့်  တိုက်ခိုက်မှုများ ပိုမိုမြင့်တက် ခဲ့ကြောင်း တွေ့ရသည်။ စခန်းသိမ်းတိုက်ပွဲများအတွက်လည်း စုစည်းပြင်ဆင်မှုများရှိနေပြီး တော်လှန်ရေးတပ်များသည် ပုလဲမြို့နယ်ရှိ စစ်အခြေခိုက်စခန်းများ၊ ဖောင်းပြင်မြို့နယ်ရှိစခန်းများ၊ တန့်ဆည်၊ ချောင်းဦးနှင့် မြောင်မြို့နယ်ရှိ အခြေစိုက်စခန်းများကို ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ ဒရုန်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ ၁၅ ရက်နေ့ ရွှေဘိုဒေသ၊ ၂၁ ရက် ချောင်းဦးမြို့၊ ၂၂ ရက် ဆားလင်းကြီး-ယင်းမာပင်လမ်းမပေါ်တွင် ဒရုန်းဗုံးကြဲခြင်း၊ မိုင်းဆွဲခြင်းတို့ကြောင့် စစ်သားများအထိအခိုက်ကြီးစွာရှိခဲ့သည်။ မုံရွာ၊ စစ်ကိုင်းအခြေစိုက်တပ်ဌာနချုပ်များကို တိုက်ခိုက်မှု ၂၅ ရက်၊ ၃၁ ရက်နေ့တွင် စစ်ကိုင်းမြို့နှင့် မုံရွာမြို့ရှိ […]

၂၀၂၅ ခုနှစ်မေလအတွင်းတွင် စစ်ကိုင်းတိုင်း၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများမှ ပုံမှန်အတိုင်းအားကောင်း နေသည်။ နိုင်ငံရေးဆိုင်ရာအရွေ့မှာ နောက်သို့ဆုတ်မသွားဘဲ တရွေ့ရွေ့တိုးတက်လာနေပြီး မတ်လကုန်က ကျင်းပခဲ့သော တတိယအကြိမ်စစ်ကိုင်းဖိုရမ်၏ နိုင်ငံရေးဆိုင်ရာ ရလဒ်များထုတ်ပြန်ချက်ကို မေလတွင် အသေးစိတ်ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဆိုင်ရာတိုးတက်မှုရလဒ်များကိုတွေ့ရသည်။ ထို့အပြင် စစ်ကိုင်းဒေသနှင့်ထိစပ်နေသော အိန္ဒိယနိုင်ငံအကြား ဖြစ်ပွားသော ပြဿနာနှင့်ပတ်သက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်တို့ နိုင်ငံရေးဆိုင်ရာ ပထမဆုံး ပူးတွဲထုတ်ပြန်ချက်ကိုလည်း နိုင်ငံရေး တိုးတက်မှုရလဒ်အဖြစ် တွေ့ရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် အွန်လိုင်းနှင့် မြေပြင်တွင် ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်နေပြီး တိုးတက်သောရလဒ်များရှိသည်ဟုလည်း ကြေညာထားသည်။ ယင်းဖြစ်စဉ်များအနက် ထင်ရှားသောဖြစ်ရပ်များကို ထုတ်နုတ်သုံးသပ်တင်ပြပါမည်။   ၁။ အိန္ဒိယအာသံရိုင်ဖယ်တပ်က တမူးပကဖ ၁၃ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အမှု။ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီးရှိ ယာယီစခန်းပြောင်း ရွှေ့လာသည့် […]