၁။ နိုင်ငံရေးဖြစ်စဉ် ၂၀၂၅ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများသည် ဇွန်လအတွင်း ပိုမိုသက်ရောက်လာခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း သည် နိုင်ငံရေးအလားအလာအတွက် အရေးပါသည့်အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မြေပြင်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတက်ကြွလာခဲ့ပြီး သဘာဝဘေး အစီအစဉ်များထက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုအဆင့်မြင့်လာခဲ့သည်။ ၂။ စစ်ရေးဖြစ်စဉ် မေလအတွင်း ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုများမှာ စစ်ရှိန်ကျဆင်းသွားပြီး ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှု များသာ အများဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်ဌာနချုပ်များအပေါ် အဝေးမှတိုက်ခိုက်နိုင်မှုများ ဆက်လက်ကြံဆောင်နိုင်ခဲ့သည်။ သို့သော် ထိခိုက်မှုအလွန်ကြီးမားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသည်။ ၃။ စစ်ရာဇဝတ်မှုဖြစ်စဉ် မေလကတည်းက တိုးတက်လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်မှုများ […]
(၁) နိုင်ငံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ ဇွန်လ ၂၀၂၅ တလျောက် နိုင်ငံရေးဆန္ဒပြပွဲများ ဆက်လက်တိုးတက်ခဲ့ပြီး အဓိကအားဖြင့် ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်များတွင် လူထုသပိတ်များဖြစ်ပွားခဲ့သည်။ “အောင်လံလွှင့်မည် ဒေါင်းသွေးနီ”၊ “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး” စသည့် အမည်များဖြင့် နေ့စဉ်ချီတက်ဆန္ဒပြခဲ့ကြသည်။ ဇွန်လ ၁၅ မှ ၁၉ အထိ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်များ၊ လူထုဆန္ဒပြပွဲများ၊ ဂုဏ်ပြုအခမ်းအနားများ ကျင်းပခဲ့ကြသည်။ ဖက်ဒရယ်ယူနစ် လွှတ်တော်များနှင့် သပိတ်အင်အားစုများမှလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ၂၀၂၅ ခုနှစ်ဇွန်လအတွင်းတွင် စစ်ကိုင်းတိုင်း၏ နိုင်ငံရေးဖြစ်စဉ်မှာ ဆက်လက်တိုးတက်နေပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ ကာလအတန်ကြာလိပ်ခဲတည်းလည်းဖြစ်နေသော ဝက်လက်အခွန်ကောက်ခံမှုများနှင့် ပတ်သက်၍ ကားသမားများဆန္ဒထုတ်ဖော်မှုများလုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ဆန္ဒပြမှုဖြစ်စဉ်များဆက်လက်ရှိနေသည်ကိုလည်း […]
၂၀၂၅ ခုနှစ်မေလအတွင်းတွင် စစ်ကိုင်းတိုင်း၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများမှ ပုံမှန်အတိုင်းအားကောင်း နေသည်။ နိုင်ငံရေးဆိုင်ရာအရွေ့မှာ နောက်သို့ဆုတ်မသွားဘဲ တရွေ့ရွေ့တိုးတက်လာနေပြီး မတ်လကုန်က ကျင်းပခဲ့သော တတိယအကြိမ်စစ်ကိုင်းဖိုရမ်၏ နိုင်ငံရေးဆိုင်ရာ ရလဒ်များထုတ်ပြန်ချက်ကို မေလတွင် အသေးစိတ်ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဆိုင်ရာတိုးတက်မှုရလဒ်များကိုတွေ့ရသည်။ ထို့အပြင် စစ်ကိုင်းဒေသနှင့်ထိစပ်နေသော အိန္ဒိယနိုင်ငံအကြား ဖြစ်ပွားသော ပြဿနာနှင့်ပတ်သက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖိုရမ်တို့ နိုင်ငံရေးဆိုင်ရာ ပထမဆုံး ပူးတွဲထုတ်ပြန်ချက်ကိုလည်း နိုင်ငံရေး တိုးတက်မှုရလဒ်အဖြစ် တွေ့ရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် အွန်လိုင်းနှင့် မြေပြင်တွင် ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်နေပြီး တိုးတက်သောရလဒ်များရှိသည်ဟုလည်း ကြေညာထားသည်။ ယင်းဖြစ်စဉ်များအနက် ထင်ရှားသောဖြစ်ရပ်များကို ထုတ်နုတ်သုံးသပ်တင်ပြပါမည်။ ၁။ အိန္ဒိယအာသံရိုင်ဖယ်တပ်က တမူးပကဖ ၁၃ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အမှု။ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီးရှိ ယာယီစခန်းပြောင်း ရွှေ့လာသည့် […]
၁။နိုင်ငံရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ပူးပေါင်းဖော်ဆောင်မှုများပိုမိုဖြစ်ပေါ်လာပြီး ညှိနှိုင်းခွဲဝေမှုများအထိ ဖြစ်လာနေသည်။ တပြိုင်တည်းမှာပင် မိတ်ဖက်ပဋိပက္ခသို့ သက်ရောက်နိုင်သည့် စုဖွဲ့မှုများလည်းဖြစ်လာနေသည်။ ၂။ စစ်ရေးဖြစ်စဉ် စစ်ရေးဖြစ်စဉ်မှာ စစ်ရေးအရှိန်ကျသွားသကဲ့သို့ဖြစ်နေသော်လည်း အားယူငြိမ်သက်ခြင်းများဟုလည်း ယူဆနိုင်သည်။ စစ်ကောင်စီ၏ လေကြောင်းအသာစီးရယူနိုင်မှုကြောင့် စစ်ရေးလှုပ်ရှားမှုများအားနည်းသွားခြင်းများလည်းရှိသည်။ မြေပြင်ထိတွေ့တိုက်ပွဲများတွင်မူ တော်လှန်ရေး တပ်များက အသာရနေဆဲဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများ ဗျူဟာမြောက်ပူးပေါင်းစစ်ဆင်ရေးများလည်း ပြန်လည်စတင်လာနိုင်သည်ကိုတွေ့ရသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ ၄။ အုပ်ချုပ်ရေးဖြစ်စဉ် စိန်ခေါ်မှုများ ပိုမိုများပြားလာပြီး စီမန်ခန့်ခွဲမှု ရောယှက်မှုများလည်းဖြစ်ပေါ်နေသည်။
ဖေဖော်ဝါရီလနှင့် မတ်အတွင်း နိုင်ငံရေးအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး သပိတ်စစ်ကြောင်းများ၊ ၏ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများပေါ်ပေါက်လာသည်။ ယင်းမာပင်၊ မုံရွာ၊ ကနီ တို့တွင် လူထုလှုပ်ရှားမှုများနှင့် မီဒီယာမှ မျှဝေသည့် အချက်အလက်များအရ နိုင်ငံရေးလှုပ်ရှားမှု၏ ကျယ်ပြန့်မှုကိုတွေ့မြင်ရသည်။ဇန်နဝါရီလကစတင်ခဲ့သော ဖက်ဒရယ်ယူနစ်ဆိုင်ရာဖွဲ့စည်းပုံဆွေးနွေးမှုများသည် ဖေဖော်ဝါရီလအတွင်းတွင်လည်း ဆက်လက်ပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့်အဖွဲ့အစည်းများအထိ ကျယ်ပြန့်လာသည်။ ထို့အတူဖေဖော်ဝါရီ ၂ ရက်နေ့တွင် မော်လူးမြို့နယ်မှ လူထုသပိတ်ဦးဆောင်အဖွဲ့သည် မိမိဒေသအတွင်းဖက်ဒရယ်ယူနစ် CDM ကောင်စီဖွဲ့စည်းမှုအကြောင်းဆွေးနွေးခဲ့သည်။ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM များအစည်းအဝေးပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ ဒုတိယမူကြမ်းနှင့် ယင်းမူကြမ်းပြင်ဆင်ချက်အဖြစ် တတိယမူကြမ်းပါ ထွက်ရှိခဲ့သဖြင့် နိုင်ငံရေးအရှိန်အဟုန်ကောင်းလာသည်ဟုပြော၍ရသည်။ သို့သော် မတ်လ(၂၈) ရက်နေ့တွင်စစ်ကိုင်းမြို့နယ် ရေခါးအင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော (၇.၇) Magnitude ရှိငလျင်သည်လည်း နိုင်ငံရေးဖြစ်စဉ်များအကြား […]
၁။နိုင်ငံရေးဖြစ်စဉ် မြို့နယ်အဆင့်ပညာရေးတာဝန်ခံလုပ်ကြံမှုကို မဖြေရှင်းနိုင်ခြင်းကြောင့် နောက်ထပ် လုပ်ကြံခံရသူများကို ဆက်လက်ဖြစ်ပေါ်လာသည်။ ဒေသတွင်းနိုင်ငံရေးစုစည်းမှုများသည် တစထက် တစ ပိုမိုအားကောင်းလာပြီး ဒေသတွင်းနိုင်ငံရေးအင်အားစုများစွာ ထွက်ပေါ်လာသည်။ အဆိုပါအင်အားစုများထပ်မံစုစည်း၍ ဒေသတွင်းအုပ်ချုပ်ရေးယန္တယားကို ထိန်းကျောင်းနိုင်ရန် ပိုမို မျှော်လင့်လာနိုင်သည်။ ၂။ စစ်ရေးဖြစ်စဉ် ၂၀၂၄ ဒီဇင်ဘာလအတွင်းက နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ခုခံနိုင်မှုအားနည်းခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီလတွင် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာပြီး စစ်ကြောင်း(၃) ကြောင်းထက်မနည်းချေမှုန်းခံခဲ့ရသည်။ မြို့သိမ်းတိုက်ပွဲများမှာ လုံးဝနီးပါးရပ်ဆိုင်းနေပြီး စစ်ကောင်စီက လေကြောင်းကို အထူးပြုတိုက်ခိုက်လာနေသည်။ တိုင်းမြို့နှင့်အနီးတဝိုက်တွင်ပင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေပြီး နောက်လများတွင်ယခုထက်ပိုမိုဖြစ်ပွားလာဖွယ်ရှိသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ […]
နိုင်ငံရေးဖြစ်စဉ်များတွင် သပိတ်ဖြစ်စဉ်များနည်းတူ နိုင်ငံရေးအစုအဖွဲ့အသီးသီး၏ တိုင်းတွင်းလှုပ်ရှားမှု ခြေလှမ်းများကိုပိုမိုတွေ့ရှိလာရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖိုရမ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးသပိတ်အင်အားစု တို့အကြားအပြန်အလှန်တွေ့ဆုံမှုများ ပိုမိုခြေလှမ်းစိတ်လာသကဲ့သို့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်နိုင်ငံ့ဝန်ထမ်း CDM ကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် စတင်စုစည်းမှုခြေလှမ်းများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ အဖြစ်အပျက်များကို စစ်ကိုင်းနိုင်ငံရေးထူးခြားဖြစ်စဉ်များအဖြစ် မှတ်တမ်းတင်ထားသည်။ ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံမှု စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အဖွဲ့အစည်းများတွေ့ဆုံမှု ဇယား စဉ် ရက်စွဲ အဖွဲ့အစည်း အကြောင်းအရာ မှတ်ချက် ၁။ ၄.၁.၂၀၂၅ မြန်မာ့မီးရထား(တိုင်းအမှတ်-၂)စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ ဖွဲ့စည်းပုံမူကြမ်း ၂။ ၆.၁.၂၀၂၅ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းပုံမူကြမ်း ၃။ ၆.၁.၂၀၂၅ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဖွဲ့စည်းပုံမူကြမ်း ၄။ ၇.၁.၂၀၂၅ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဖွဲ့စည်းပုံမူကြမ်း ၅။ ၈.၁.၂၀၂၅ စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ(UICs) ဖွဲ့စည်းပုံမူကြမ်း ၆။ ၉.၁.၂၀၂၅ […]