Category: နိုင်ငံရေး

လုပ်သားပြည်သူများ၏တရားမျှတမှုနှင့် အခွင့်အရေးများအား ကာကွယ်ရန်အတွက် မြန်မာပြည်သူများဘက်မှ ရပ်တည်ပေးရန် ဥရောပသမဂ္ဂ (EU) အစိုးရအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများသို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစု ၁၁ ဖွဲ့ စုပေါင်းကာ မတ် ၁၂ ရက်က အိတ်ဖွင့်ပေးစာပို့ ပန်ကြားထားသည်။ “နိုင်ငံသားတစ်ဦး၏ ဒီမိုကရေစီ အခွင့်အရေး၊ လွတ်လပ်ခွင့်များ ဆုံးရှုံးရန် အတင်းအဓမ္မ စစ်ကျွန်ပြုနေသော အာဏာသိမ်းစစ်တပ်အား အရေးယူပေးပါရန် တောင်းဆိုခြင်း” ခေါင်းစဉ်ဖြင့် ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ မြန်မာစစ်တပ်သည် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပိုမိုဆိုးရွာစွာ ချိုးဖောက်နေကြောင်း၊ လာမည့် မတ် ၁၀ ရက်မှ ၂၁ ရက်အထိ ပြုလုပ်မည့် ILO Governing Body – ILO […]