Four column Blog

They bring to you a host of beautifully created infographics that contain the latest digital marketing.

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိနှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက ယမန်နေ့(မတ် ၂၂)  နံနက်ပိုင်းတွင် ဗုံးကြဲချခဲ့ရာ ဆရာဝန်မိသားစုနှင့် ဆေးခန်းလာပြသည့် လူနာများပါအဝင်  ၁၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြို့ မြောက်ဘက် ၃၆ မိုင်ခန့်အကွာ ကလေး – ဂန့်ဂေါ ကားလမ်းဘေးရှိ နှမ်းခါးရွာလယ်မှ ဆေးခန်းဖွင့်လှစ်သည့် နံနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တပ်ကဗုံးလာကြဲသဖြင့်  သေဆုံးသူများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ သေဆုံးသူများတွင် ဆရာဝန်၊ ဆရာဝန်၏ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ဇနီးသည် နှင့်ကလေးငယ် ၊ ဆေးခန်းလာပြသူ မိသားစု ၃ ဦး တစ်စု၊ မြေးအဘွား ၁ ဦး၊ ဆေးခန်းတွင် ကူညီလုပ်ကိုင်ပေးနေသူများနှင့် ဘေးအိမ်မှ အိမ်နီးချင်း ၁ ဦး […]

လုပ်သားပြည်သူများ၏တရားမျှတမှုနှင့် အခွင့်အရေးများအား ကာကွယ်ရန်အတွက် မြန်မာပြည်သူများဘက်မှ ရပ်တည်ပေးရန် ဥရောပသမဂ္ဂ (EU) အစိုးရအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများသို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစု ၁၁ ဖွဲ့ စုပေါင်းကာ မတ် ၁၂ ရက်က အိတ်ဖွင့်ပေးစာပို့ ပန်ကြားထားသည်။ “နိုင်ငံသားတစ်ဦး၏ ဒီမိုကရေစီ အခွင့်အရေး၊ လွတ်လပ်ခွင့်များ ဆုံးရှုံးရန် အတင်းအဓမ္မ စစ်ကျွန်ပြုနေသော အာဏာသိမ်းစစ်တပ်အား အရေးယူပေးပါရန် တောင်းဆိုခြင်း” ခေါင်းစဉ်ဖြင့် ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ မြန်မာစစ်တပ်သည် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပိုမိုဆိုးရွာစွာ ချိုးဖောက်နေကြောင်း၊ လာမည့် မတ် ၁၀ ရက်မှ ၂၁ ရက်အထိ ပြုလုပ်မည့် ILO Governing Body – ILO […]