၁။ စစ်ကောင်စီတပ်သားများ အလင်းဝင်မှု 12.5.2025 – တန့်ဆည်မြို့နယ်: ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း ၂ ဦး သေနတ် ၂ လက်နှင့်အလင်းဝင် လာခဲ့သည်။ 27.5.2025 – မုံရွာမြို့: စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့ဘက်ပြောင်းခိုလှုံလာခဲ့သည်။ တပ်သားအလင်းဝင်မှုများသည် မေလအတွင်း ထပ်မံဖြစ်ပွားခဲ့ပြီး၊ မုံရွာနှင့် တန့်ဆည်မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဖေဖော်ဝါရီ – မတ်လနှင့် ဧပြီလအတွင်းတွင်လည်း ဖြစ်ပွားခဲ့သည်။ နေ့စဉ်ရက်ဆက် အလင်းဝင်မှုများသည် စစ်ကောင်စီ၏ တပ်တွင်းဩဇာအာဏာကျဆင်းမှုနှင့် စစ်သားများ၏ စိတ်ဓာတ်ကျခြင်းကိုဖော်ပြနေသည်။ ၂. ပြည်သူ့အုပ်ချုပ်ရေးနှင့် ပအဖ လှုပ်ရှားမှုများ ၁။ ကန့်ဘလူမြို့နယ် ပအဖခေါင်းဆောင်နေရာသစ်ရွေးချယ်ရေးပြုလုပ်မည်ဟုကြေညာခြင်း။ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ( ကန့်ဘလူ-ပအဖ ) ခေါင်းဆောင် ဦးဇော်မြင့်ဦး(ခ) […]
(၁) နိုင်ငံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ ဇွန်လ ၂၀၂၅ တလျောက် နိုင်ငံရေးဆန္ဒပြပွဲများ ဆက်လက်တိုးတက်ခဲ့ပြီး အဓိကအားဖြင့် ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်များတွင် လူထုသပိတ်များဖြစ်ပွားခဲ့သည်။ “အောင်လံလွှင့်မည် ဒေါင်းသွေးနီ”၊ “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး” စသည့် အမည်များဖြင့် နေ့စဉ်ချီတက်ဆန္ဒပြခဲ့ကြသည်။ ဇွန်လ ၁၅ မှ ၁၉ အထိ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်များ၊ လူထုဆန္ဒပြပွဲများ၊ ဂုဏ်ပြုအခမ်းအနားများ ကျင်းပခဲ့ကြသည်။ ဖက်ဒရယ်ယူနစ် လွှတ်တော်များနှင့် သပိတ်အင်အားစုများမှလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ၂၀၂၅ ခုနှစ်ဇွန်လအတွင်းတွင် စစ်ကိုင်းတိုင်း၏ နိုင်ငံရေးဖြစ်စဉ်မှာ ဆက်လက်တိုးတက်နေပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ ကာလအတန်ကြာလိပ်ခဲတည်းလည်းဖြစ်နေသော ဝက်လက်အခွန်ကောက်ခံမှုများနှင့် ပတ်သက်၍ ကားသမားများဆန္ဒထုတ်ဖော်မှုများလုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ဆန္ဒပြမှုဖြစ်စဉ်များဆက်လက်ရှိနေသည်ကိုလည်း […]
၂၀၂၅ ဇွန်လအတွင်း စစ်ကိုင်းဒေသ စစ်ရေးဖြစ်စဉ်များအရ တော်လှန်ရေးအင်အားစုများက လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းဆွဲ တိုက်ခိုက်မှုများကို တချိန်တည်း ချဉ်းကပ်အသုံးပြုသဖြင့် စစ်ကောင်စီဘက်တွင် လူနှင့်ပစ္စည်းအနည်းဆုံးထိခိုက်မှုများ များစွာ ဖြစ်ပွားခဲ့ကြောင်းတွေ့ရသည်။ ထို့ပြင် မေလထက် စခန်းသိမ်းတိုက်ပွဲများပိုမိုဆင်နွှဲလာနိုင်ပြီး ထူးခြားချက်အဖြစ် စစ်ကိုင်းတိုင်းတွင် ပထမဆုံးအဖြစ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ ၁။ တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ တိုက်ပွဲ နေရာများ သည် မုံရွာ၊ ပုလဲ၊ ရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ အရာတော်၊ ချောင်းဦး၊ ကန့်ဘလူ၊ ဗန်းမောက်၊ မြင်းမူ၊ ဆားလင်းကြီး တို့ဖြစ်သည်။ မြို့ပေါ်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ သည်။ လက်နက်သိမ်းဆည်းမှု နှင့် စခန်းသိမ်းပိုက်မှု ဖြစ်စဉ်များလည်းရှိပြီး ရွှေဘို၊ စစ်ကိုင်း၊ ပုလဲနယ် စသည့် နေရာများတွင် စစ်အုပ်စုစခန်းများ၊ ရဲစခန်းများကို […]
၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်သည်။ စခန်းပြန်လည်ရရှိရေး အတွက် စစ်ကြောင်းထိုးတိုက်ခိုက်မှုများကို တိုးချဲ့လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုနှုန်းမှာ ပိုမိုမြင့်တက်လာ သည်ကို တွေ့ရသည်။ တလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ ပုလဲ၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ရွှေဘို၊ ဗန်းမောက်၊ ဝန်းသို၊ ပင်လည်ဘူး စသည့်မြို့နယ်များတွင် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ် မှတ်တမ်းတင်ထားရပြီး၊ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးခြင်း (၁၅) ဦး၊ ဒဏ်ရာရခြင်း (၇) ဦး ဖြစ်ပေါ်ခဲ့သည်။ အပြိုင်၊ စစ်ကြောင်းထိုးခြင်း များလည်း မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ဘုတလင်နယ်များတွင် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အရပ်သားများ ဖမ်းဆီးခံရမှု ၁၈၇ ဦး အထိ ရှိသည့်အပြင် […]