ဒီဇင်ဘာလအတွင်းစစ်ကိုင်းတိုင်းတွင် အုပ်ချုပ်ရေးရာဖြစ်စဉ်(၆)ခုဖြစ်ပေါ်ခဲ့ပြီးသက်ဆိုင်ရာ အစိုးရယန္တယား များ၏ အရေးယူမှုဖြစ်စဉ်များ ကြေညာချက်များပင် ဖြစ်သည်ကိုတွေ့ရသည်။
စဉ် | မြို့နယ် | ဖြစ်စဉ်ကြိမ်ရေ | အကြောင်းအရာ |
၁။ | ပြည်ထောင်စု | ၁ | စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရရုံးစိုက်မည်။ |
၂။ | ပြည်ထောင်စု | ၁ | ပသုံးလုံးယန္တယားတွင် အာဏာအလွဲသုံးသူများကိုအရေးယူရန်တိုက်တွန်း |
၃။ | ဆားလင်းကြီး | ၁ | Non CDM ဝန်ထမ်းများကို အရေးယူမည်ဟု ပအဖက ကြေညာ။ |
၄။ | ရေဦး | ၁ | သစ်ခိုးထုတ်မှုများအရေးယူမည်ကြေညာ |
၅။ | ကန့်ဘလူ | ၁ | အကျဉ်းသူအား အဓမ္မပြုကျင့်မှု စစ်ဆေးသွားမည်ဟုကြေညာ။ |
၆။ | ပြည်ထောင်စု | ၁ | NUG လွတ်ငြိမ်းချမ်းသာ စစ်ကိုင်း မြို့နယ် ၅ ခုမှ (၅၀) ဦးပါဝင်။ |
စုစုပေါင်း | ၆ |
အဆိုပါဖြစ်စဉ်များထဲမှ ထူးခြားဖြစ်စဉ်အဖြစ် အကျဉ်းသူကို အဓမ္မပြုကျင့်ခဲ့သော ပအဖတာဝန်ခံကို အရေးယူရန်ကြေညာသည့်ဖြစ်စဉ်ကိုထုတ်နုတ်ဖော်ပြပါမည်။
ရွှေဘိုတက္ကသိုလ်တွင်တက်ရောက်နေသော Non CDM ကျောင်းသူတဦးကို ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကန့်ဘလူမြို့နယ်ရှိ ပကဖ များက ဖမ်းဆီးခဲ့ပြီး ပြည်သူ့ရဲ အုပ်ချုပ်သည့် C2 အချုပ်ခန်းတွင် ထိန်းသိမ်းခံခဲ့ရချိန်တွင် ကန့်ဘလူပကဖတာဝန်ခံ ဦးမဲခေါင်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။
ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦး သည် ကန့်ဘလူခရိုင်၏ ခရိုင်နှင့် မြို့နယ် တွဲကိုင်ထားသည့် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ခေါင်းဆောင် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သောကြောင့် ၁နှစ်ကျော်ကြာသည်အထိ အရေးယူမှုမှ ကင်းလွတ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၂၉ ရက်နေ့တွင်
အဆိုပါ ဦးမဲခေါင်ကို ရာထူးမှ ရပ်နားလိုက်ပြီး ဖမ်းဆီးစစ်ဆေးမည်ဟု NUG က တရားဝင်ကြေညာခဲ့သည်။
အုပ်ချုပ်ရေးရာဖြစ်စဉ်များကို ခြုံငုံကြည့်ပါက အရေးယူမှုများသည် နှေးကွေးနေဆဲဖြစ်နေပြီး အရေးယူရန်ကြိုးစားနေစဉ်မှာပင် အမှုများဆက်လက်ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ အထူးသဖြင့် NUG ၏ တာဝန်ခံများကိုယ်တိုင် ကျူးလွန်သောအမှုများရှိနေသလို NUG ဝန်ထမ်းများသည်လည်း အုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေး၏ အကာအကွယ်ကို အပြည့်အဝမရရှိသေး ကြောင်းတွေ့မြင်ရသည်။