Day: ဖေ‌ဖော်ဝါရီ 02, 2025

ဒီဇင်ဘာလအတွင်းစစ်ကိုင်းတိုင်းတွင် အုပ်ချုပ်ရေးရာဖြစ်စဉ်(၆)ခုဖြစ်ပေါ်ခဲ့ပြီးသက်ဆိုင်ရာ အစိုးရယန္တယား များ၏ အရေးယူမှုဖြစ်စဉ်များ ကြေညာချက်များပင် ဖြစ်သည်ကိုတွေ့ရသည်။ စဉ် မြို့နယ် ဖြစ်စဉ်ကြိမ်ရေ အကြောင်းအရာ ၁။ ပြည်ထောင်စု ၁  စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရရုံးစိုက်မည်။ ၂။ ပြည်ထောင်စု ၁  ပသုံးလုံးယန္တယားတွင် အာဏာအလွဲသုံးသူများကိုအရေးယူရန်တိုက်တွန်း ၃။ ဆားလင်းကြီး ၁  Non CDM ဝန်ထမ်းများကို အရေးယူမည်ဟု ပအဖက ကြေညာ။ ၄။  ရေဦး ၁ သစ်ခိုးထုတ်မှုများအရေးယူမည်ကြေညာ ၅။  ကန့်ဘလူ ၁ အကျဉ်းသူအား အဓမ္မပြုကျင့်မှု စစ်ဆေးသွားမည်ဟုကြေညာ။ ၆။ ပြည်ထောင်စု ၁ NUG လွတ်ငြိမ်းချမ်းသာ စစ်ကိုင်း မြို့နယ် ၅ ခုမှ (၅၀) ဦးပါဝင်။ စုစုပေါင်း ၆   အဆိုပါဖြစ်စဉ်များထဲမှ […]

ဇန်နဝါရီလအတွင်းတွင်လည်းအတင်းဓမ္မစစ်သားစုဆောင်းခြင်း အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ကြောင်းထိုးရှင်းလင်းမီးရှို့ခြင်းကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ရသကဲ့သို့  သတ်ဖြတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာလအတွင်း  ထိခိုက်သောအရပ်သားစာရင်း စဉ် မြို့နယ် ဒဏ်ရာရ သေဆုံး ပျောက်ဆုံး ဖမ်းဆီး စကစလက်ချက်မဟုတ် ၁။ ကောလင်း   ၁     မဟုတ် ၂။ စစ်ကိုင်း ၇ ၃       ၃။ ကျွန်းလှ ၄     ၁   ၄။ မုံရွာ       ၇၂   ၅။ ကနီ ၁         ၆။ […]

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းများ၊ လှုပ်ရှားမှုများကို ခြုံခိုတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ စစ်ကြောင်းလိုက် ထိခိုက်ပျက်စီးခြင်းများ စစ်သုံ့ပန်းဖမ်းမိခြင်းများဖြစ်ပေါ်ခဲ့သည်။ ယခင်လများက စစ်ကိုင်းတွင် တော်လှန်ရေးတပ်များက အသာစီးဖြင့် မဟာဗျူဟာမြောက်မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်နေရာမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြန်လည်အင်အားကောင်းလာကာ ထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ်လာသည်။ သို့သော် စစ်ကောင်စီတပ်သားသစ်များ၏ အားနည်းချက်ကြောင့် စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရကာ လက်နက်/လူသူ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၅ ဇန်နဝါရီလအတွင်းမှာပင် ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်း(၃) ကြောင်းထက်မနည်း ချေမှုန်းခံခဲ့ရပြီး အခြားတိုက်ခိုက်မှုများကြောင့်လည်း စစ်ကောင်စီအထိနာခဲ့သည်။ ထူးခြားဖြစ်စဉ်များကို ထုတ်နုတ်တင်ပြပါမည်။ ၁။ ဝက်လက်မြို့နယ်စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ကူစစ်ကြောင်းချေမှုန်းခံရ ဝက်လက်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကိုင်းတပ်မ(၃၃) လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီလ(၆) ရက်နေ့က တော်လှန်ရေးအင်အားစုများ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၆ နာရီကြာတိုက်ပွဲအတွင် စစ်ကောင်စီစစ်ကြောင်းတခုလုံးအထိအခိုက်များစွာဖြင့် […]