နိုင်ငံရေးဖြစ်စဉ်များတွင် သပိတ်ဖြစ်စဉ်များနည်းတူ နိုင်ငံရေးအစုအဖွဲ့အသီးသီး၏ တိုင်းတွင်းလှုပ်ရှားမှု ခြေလှမ်းများကိုပိုမိုတွေ့ရှိလာရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖိုရမ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးသပိတ်အင်အားစု တို့အကြားအပြန်အလှန်တွေ့ဆုံမှုများ ပိုမိုခြေလှမ်းစိတ်လာသကဲ့သို့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်နိုင်ငံ့ဝန်ထမ်း CDM ကောင်စီ ဖွဲ့စည်းနိုင်ရန်အတွက် စတင်စုစည်းမှုခြေလှမ်းများ လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ အဖြစ်အပျက်များကို စစ်ကိုင်းနိုင်ငံရေးထူးခြားဖြစ်စဉ်များအဖြစ် မှတ်တမ်းတင်ထားသည်။ ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းနိုင်ငံရေးအင်အားစုများတွေ့ဆုံမှု စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အဖွဲ့အစည်းများတွေ့ဆုံမှု ဇယား စဉ် ရက်စွဲ အဖွဲ့အစည်း အကြောင်းအရာ မှတ်ချက် ၁။ ၄.၁.၂၀၂၅ မြန်မာ့မီးရထား(တိုင်းအမှတ်-၂)စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ ဖွဲ့စည်းပုံမူကြမ်း ၂။ ၆.၁.၂၀၂၅ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းပုံမူကြမ်း ၃။ ၆.၁.၂၀၂၅ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဖွဲ့စည်းပုံမူကြမ်း ၄။ ၇.၁.၂၀၂၅ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဖွဲ့စည်းပုံမူကြမ်း ၅။ ၈.၁.၂၀၂၅ စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ(UICs) ဖွဲ့စည်းပုံမူကြမ်း ၆။ ၉.၁.၂၀၂၅ […]
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းများ၊ လှုပ်ရှားမှုများကို ခြုံခိုတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ စစ်ကြောင်းလိုက် ထိခိုက်ပျက်စီးခြင်းများ စစ်သုံ့ပန်းဖမ်းမိခြင်းများဖြစ်ပေါ်ခဲ့သည်။ ယခင်လများက စစ်ကိုင်းတွင် တော်လှန်ရေးတပ်များက အသာစီးဖြင့် မဟာဗျူဟာမြောက်မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်နေရာမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြန်လည်အင်အားကောင်းလာကာ ထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ်လာသည်။ သို့သော် စစ်ကောင်စီတပ်သားသစ်များ၏ အားနည်းချက်ကြောင့် စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရကာ လက်နက်/လူသူ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၅ ဇန်နဝါရီလအတွင်းမှာပင် ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်း(၃) ကြောင်းထက်မနည်း ချေမှုန်းခံခဲ့ရပြီး အခြားတိုက်ခိုက်မှုများကြောင့်လည်း စစ်ကောင်စီအထိနာခဲ့သည်။ ထူးခြားဖြစ်စဉ်များကို ထုတ်နုတ်တင်ပြပါမည်။ ၁။ ဝက်လက်မြို့နယ်စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ကူစစ်ကြောင်းချေမှုန်းခံရ ဝက်လက်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကိုင်းတပ်မ(၃၃) လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီလ(၆) ရက်နေ့က တော်လှန်ရေးအင်အားစုများ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၆ နာရီကြာတိုက်ပွဲအတွင် စစ်ကောင်စီစစ်ကြောင်းတခုလုံးအထိအခိုက်များစွာဖြင့် […]
ဇန်နဝါရီလအတွင်းတွင်လည်းအတင်းဓမ္မစစ်သားစုဆောင်းခြင်း အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ကြောင်းထိုးရှင်းလင်းမီးရှို့ခြင်းကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ရသကဲ့သို့ သတ်ဖြတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာလအတွင်း ထိခိုက်သောအရပ်သားစာရင်း စဉ် မြို့နယ် ဒဏ်ရာရ သေဆုံး ပျောက်ဆုံး ဖမ်းဆီး စကစလက်ချက်မဟုတ် ၁။ ကောလင်း ၁ မဟုတ် ၂။ စစ်ကိုင်း ၇ ၃ ၃။ ကျွန်းလှ ၄ ၁ ၄။ မုံရွာ ၇၂ ၅။ ကနီ ၁ ၆။ […]
ဒီဇင်ဘာလအတွင်းစစ်ကိုင်းတိုင်းတွင် အုပ်ချုပ်ရေးရာဖြစ်စဉ်(၆)ခုဖြစ်ပေါ်ခဲ့ပြီးသက်ဆိုင်ရာ အစိုးရယန္တယား များ၏ အရေးယူမှုဖြစ်စဉ်များ ကြေညာချက်များပင် ဖြစ်သည်ကိုတွေ့ရသည်။ စဉ် မြို့နယ် ဖြစ်စဉ်ကြိမ်ရေ အကြောင်းအရာ ၁။ ပြည်ထောင်စု ၁ စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရရုံးစိုက်မည်။ ၂။ ပြည်ထောင်စု ၁ ပသုံးလုံးယန္တယားတွင် အာဏာအလွဲသုံးသူများကိုအရေးယူရန်တိုက်တွန်း ၃။ ဆားလင်းကြီး ၁ Non CDM ဝန်ထမ်းများကို အရေးယူမည်ဟု ပအဖက ကြေညာ။ ၄။ ရေဦး ၁ သစ်ခိုးထုတ်မှုများအရေးယူမည်ကြေညာ ၅။ ကန့်ဘလူ ၁ အကျဉ်းသူအား အဓမ္မပြုကျင့်မှု စစ်ဆေးသွားမည်ဟုကြေညာ။ ၆။ ပြည်ထောင်စု ၁ NUG လွတ်ငြိမ်းချမ်းသာ စစ်ကိုင်း မြို့နယ် ၅ ခုမှ (၅၀) ဦးပါဝင်။ စုစုပေါင်း ၆ အဆိုပါဖြစ်စဉ်များထဲမှ […]
၁။နိုင်ငံရေးဖြစ်စဉ် မြို့နယ်အဆင့်ပညာရေးတာဝန်ခံလုပ်ကြံမှုကို မဖြေရှင်းနိုင်ခြင်းကြောင့် နောက်ထပ် လုပ်ကြံခံရသူများကို ဆက်လက်ဖြစ်ပေါ်လာသည်။ ဒေသတွင်းနိုင်ငံရေးစုစည်းမှုများသည် တစထက် တစ ပိုမိုအားကောင်းလာပြီး ဒေသတွင်းနိုင်ငံရေးအင်အားစုများစွာ ထွက်ပေါ်လာသည်။ အဆိုပါအင်အားစုများထပ်မံစုစည်း၍ ဒေသတွင်းအုပ်ချုပ်ရေးယန္တယားကို ထိန်းကျောင်းနိုင်ရန် ပိုမို မျှော်လင့်လာနိုင်သည်။ ၂။ စစ်ရေးဖြစ်စဉ် ၂၀၂၄ ဒီဇင်ဘာလအတွင်းက နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ခုခံနိုင်မှုအားနည်းခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီလတွင် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာပြီး စစ်ကြောင်း(၃) ကြောင်းထက်မနည်းချေမှုန်းခံခဲ့ရသည်။ မြို့သိမ်းတိုက်ပွဲများမှာ လုံးဝနီးပါးရပ်ဆိုင်းနေပြီး စစ်ကောင်စီက လေကြောင်းကို အထူးပြုတိုက်ခိုက်လာနေသည်။ တိုင်းမြို့နှင့်အနီးတဝိုက်တွင်ပင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေပြီး နောက်လများတွင်ယခုထက်ပိုမိုဖြစ်ပွားလာဖွယ်ရှိသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ […]
ဖေဖော်ဝါရီလနှင့် မတ်အတွင်း နိုင်ငံရေးအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး သပိတ်စစ်ကြောင်းများ၊ ၏ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများပေါ်ပေါက်လာသည်။ ယင်းမာပင်၊ မုံရွာ၊ ကနီ တို့တွင် လူထုလှုပ်ရှားမှုများနှင့် မီဒီယာမှ မျှဝေသည့် အချက်အလက်များအရ နိုင်ငံရေးလှုပ်ရှားမှု၏ ကျယ်ပြန့်မှုကိုတွေ့မြင်ရသည်။ဇန်နဝါရီလကစတင်ခဲ့သော ဖက်ဒရယ်ယူနစ်ဆိုင်ရာဖွဲ့စည်းပုံဆွေးနွေးမှုများသည် ဖေဖော်ဝါရီလအတွင်းတွင်လည်း ဆက်လက်ပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့်အဖွဲ့အစည်းများအထိ ကျယ်ပြန့်လာသည်။ ထို့အတူဖေဖော်ဝါရီ ၂ ရက်နေ့တွင် မော်လူးမြို့နယ်မှ လူထုသပိတ်ဦးဆောင်အဖွဲ့သည် မိမိဒေသအတွင်းဖက်ဒရယ်ယူနစ် CDM ကောင်စီဖွဲ့စည်းမှုအကြောင်းဆွေးနွေးခဲ့သည်။ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM များအစည်းအဝေးပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ ဒုတိယမူကြမ်းနှင့် ယင်းမူကြမ်းပြင်ဆင်ချက်အဖြစ် တတိယမူကြမ်းပါ ထွက်ရှိခဲ့သဖြင့် နိုင်ငံရေးအရှိန်အဟုန်ကောင်းလာသည်ဟုပြော၍ရသည်။ သို့သော် မတ်လ(၂၈) ရက်နေ့တွင်စစ်ကိုင်းမြို့နယ် ရေခါးအင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော (၇.၇) Magnitude ရှိငလျင်သည်လည်း နိုင်ငံရေးဖြစ်စဉ်များအကြား […]
Recent Post
Happy to purchase your product, I sent them an example of my problem, to my surprise, they sent me an updated template within hours. Thanks to all the folks.
Jack White
CEOIt was a pleasure using your template. Your template saved us hours of frustration, your template is fabulous. It worked like a champ. Every page was exactly how I wanted.
Walhan Bobe
Business AdvisorMy good friend suggested that I purchase this template. I did and was delighted that I got it. Formatting the products now becomes extremely simple, and convenient.