ဇန်နဝါရီလအတွင်းတွင်လည်းအတင်းဓမ္မစစ်သားစုဆောင်းခြင်း အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ကြောင်းထိုးရှင်းလင်းမီးရှို့ခြင်းကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ရသကဲ့သို့ သတ်ဖြတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
ဒီဇင်ဘာလအတွင်း ထိခိုက်သောအရပ်သားစာရင်း
| စဉ် | မြို့နယ် | ဒဏ်ရာရ | သေဆုံး | ပျောက်ဆုံး | ဖမ်းဆီး | စကစလက်ချက်မဟုတ် |
| ၁။ | ကောလင်း | ၁ | မဟုတ် | |||
| ၂။ | စစ်ကိုင်း | ၇ | ၃ | |||
| ၃။ | ကျွန်းလှ | ၄ | ၁ | |||
| ၄။ | မုံရွာ | ၇၂ | ||||
| ၅။ | ကနီ | ၁ | ||||
| ၆။ | ယင်းမာပင် | ၂ | ||||
| ၇။ | မော်လူး | ၄ | ၃ | |||
| ၈။ | ကန့်ဘလူ | ၁၄ | ၆ | ၃၅၀ | ||
| ၉။ | ကလေး | ၃၄ | ၁ | |||
| ၁၀။ | ရေဦး | ၁၀၀ | ||||
| ၁၁။ |
ဒီဇင်ဘာလ အတွင်း အရပ်သား ၁၄ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရကာ (၅၂၃) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းတွေ့ရှိရသည်။ ဖမ်းဆီးခံရမှုအများစုမှာ စစ်ကြောင်းထိုးစဉ်ဓားစာခံအဖြစ် ဖမ်းဆီးခြင်းနှင့် စစ်သားစုဆောင်းရန်ဖမ်းဆီးခြင်းများဖြစ်သည်။ နယ်မြေရှင်းလင်းစစ်ကြောင်းထိုးမှုများကြောင့် စစ်ရှောင်အရေ အတွက်များပိုမိုတိုးပွားလျက်ရှိသည်။