Category: စစ်ရာဇဝတ်မှု

၁။ နိုင်ငံရေးဖြစ်စဉ် ၂၀၂၅ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများသည် ဇွန်လအတွင်း ပိုမိုသက်ရောက်လာခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း သည် နိုင်ငံရေးအလားအလာအတွက် အရေးပါသည့်အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မြေပြင်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတက်ကြွလာခဲ့ပြီး သဘာဝဘေး အစီအစဉ်များထက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုအဆင့်မြင့်လာခဲ့သည်။ ၂။ စစ်ရေးဖြစ်စဉ် မေလအတွင်း ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုများမှာ စစ်ရှိန်ကျဆင်းသွားပြီး ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှု များသာ အများဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်ဌာနချုပ်များအပေါ် အဝေးမှတိုက်ခိုက်နိုင်မှုများ ဆက်လက်ကြံဆောင်နိုင်ခဲ့သည်။ သို့သော် ထိခိုက်မှုအလွန်ကြီးမားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသည်။ ၃။ စစ်ရာဇဝတ်မှုဖြစ်စဉ် မေလကတည်းက တိုးတက်လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်မှုများ […]

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်သည်။ စခန်းပြန်လည်ရရှိရေး အတွက် စစ်ကြောင်းထိုးတိုက်ခိုက်မှုများကို တိုးချဲ့လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုနှုန်းမှာ ပိုမိုမြင့်တက်လာ သည်ကို တွေ့ရသည်။ တလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ ပုလဲ၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ရွှေဘို၊ ဗန်းမောက်၊ ဝန်းသို၊ ပင်လည်ဘူး စသည့်မြို့နယ်များတွင် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၁၈) ကြိမ် မှတ်တမ်းတင်ထားရပြီး၊ ဗုံးကြဲပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးခြင်း (၁၅) ဦး၊ ဒဏ်ရာရခြင်း (၇) ဦး ဖြစ်ပေါ်ခဲ့သည်။ အပြိုင်၊ စစ်ကြောင်းထိုးခြင်း များလည်း မုံရွာ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ဘုတလင်နယ်များတွင် ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အရပ်သားများ ဖမ်းဆီးခံရမှု ၁၈၇ ဦး အထိ ရှိသည့်အပြင် […]

၂၀၂၅ ခုနှစ် မေလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာခဲ့သည်။ မြေပြင်စိုးမိုးမှုအခြေအနေအရ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ ကျေးရွာစီးနင်းမှုများ လျော့ပါးလာသော်လည်း လေကြောင်းတိုက်ခိုက်မှုရာခိုင်နှုန်းမှာ ပိုမိုမြင့်မားလာသည်ကို တွေ့ရသည်။ တလအတွင်း ဝက်လက်၊ ချောင်းဦး၊ မုံရွာ၊ ကနီ၊ ကောလင်း၊ တမူး၊ ဒီပဲယင်း၊ မော်လူး၊ ရွှေဘိုစသော မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှု(၂၅) ကြိမ်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ ချောင်းဦး၊ စစ်ကိုင်း၊ ဘုတလင်၊ ပုလဲနယ်များ၌ စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုး၊ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။ စစ်ကောင်စီ၏ လက်ချက်ဟုတ်မဟုတ် မသေချာသော NUG လက်အောက်ခံပအဖခေါင်းဆောင်တဦး သတ်ဖြတ်ခံရမှုလည်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ စစ်ရာဇဝတ်မှုများအနက်ထင်ရှားသောဖြစ်စဉ်များကိုထုတ်နုတ်ဖော်ပြပါမည်။ ၁။ ဒီပဲယင်းအိုးထိမ်းတွင်းရွာ စာသင်ကျောင်းဗုံးကြဲမှု စစ်ကောင်စီသည် တော်လှန်ရေးစိုးမိုးနယ်မြေများတွင် စာသင်ကျောင်းများ၊ ဆေးရုံများကို အဓိကပစ်မှတ်အဖြစ် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သော […]

၁။နိုင်ငံရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ပူးပေါင်းဖော်ဆောင်မှုများပိုမိုဖြစ်ပေါ်လာပြီး ညှိနှိုင်းခွဲဝေမှုများအထိ ဖြစ်လာနေသည်။ တပြိုင်တည်းမှာပင် မိတ်ဖက်ပဋိပက္ခသို့ သက်ရောက်နိုင်သည့် စုဖွဲ့မှုများလည်းဖြစ်လာနေသည်။ ၂။ စစ်ရေးဖြစ်စဉ် စစ်ရေးဖြစ်စဉ်မှာ စစ်ရေးအရှိန်ကျသွားသကဲ့သို့ဖြစ်နေသော်လည်း အားယူငြိမ်သက်ခြင်းများဟုလည်း ယူဆနိုင်သည်။ စစ်ကောင်စီ၏ လေကြောင်းအသာစီးရယူနိုင်မှုကြောင့် စစ်ရေးလှုပ်ရှားမှုများအားနည်းသွားခြင်းများလည်းရှိသည်။ မြေပြင်ထိတွေ့တိုက်ပွဲများတွင်မူ တော်လှန်ရေး တပ်များက အသာရနေဆဲဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများ ဗျူဟာမြောက်ပူးပေါင်းစစ်ဆင်ရေးများလည်း ပြန်လည်စတင်လာနိုင်သည်ကိုတွေ့ရသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ ၄။ အုပ်ချုပ်ရေးဖြစ်စဉ် စိန်ခေါ်မှုများ ပိုမိုများပြားလာပြီး စီမန်ခန့်ခွဲမှု ရောယှက်မှုများလည်းဖြစ်ပေါ်နေသည်။

ဖေဖော်ဝါရီလနှင့် မတ်လ အတွင်းတွင်လည်းအတင်းဓမ္မစစ်သားစုဆောင်းခြင်း အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ကြောင်းထိုးရှင်းလင်းမီးရှို့ခြင်းကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ရသကဲ့သို့  သတ်ဖြတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ စစ်ရာဇဝတ်မှုများ သုံးသပ်ချက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသများ၌ စစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်မှုများနှင့်ပတ်သက်သည့် စစ်ရာဇဝတ်မှုဖြစ်စဉ်များ စုစုပေါင်း ၁၉ ကြိမ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤအမှုများအနက် တချို့မှာ မြို့ပြဒေသများနှင့် တခြားတပ်စခန်းများအနီးမှ ထွက်လာသော တပ်အဖွဲ့များ၏ တိုက်ခိုက်မှုများဖြစ်ပြီး၊ ကျေးရွာများ၌ တိုက်ခိုက်မှု၊ လူထုကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းများလည်း ဖြစ်ပွားခဲ့သည်။ အဓိကထင်ရှားသောအချက်များ သေဆုံးမှုများ: အနည်းဆုံး ၆ဖြစ်စဉ်တွင် သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ ထဲမှာ ဥပမာအားဖြင့် – ဘုတလင်မြို့နယ်တွင် (၁၀) ဦး၊ မုံရွာမြို့နယ်တွင် […]

၁။နိုင်ငံရေးဖြစ်စဉ် မြို့နယ်အဆင့်ပညာရေးတာဝန်ခံလုပ်ကြံမှုကို မဖြေရှင်းနိုင်ခြင်းကြောင့် နောက်ထပ် လုပ်ကြံခံရသူများကို ဆက်လက်ဖြစ်ပေါ်လာသည်။ ဒေသတွင်းနိုင်ငံရေးစုစည်းမှုများသည် တစထက် တစ ပိုမိုအားကောင်းလာပြီး ဒေသတွင်းနိုင်ငံရေးအင်အားစုများစွာ ထွက်ပေါ်လာသည်။ အဆိုပါအင်အားစုများထပ်မံစုစည်း၍ ဒေသတွင်းအုပ်ချုပ်ရေးယန္တယားကို ထိန်းကျောင်းနိုင်ရန် ပိုမို မျှော်လင့်လာနိုင်သည်။ ၂။ စစ်ရေးဖြစ်စဉ် ၂၀၂၄ ဒီဇင်ဘာလအတွင်းက နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ခုခံနိုင်မှုအားနည်းခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီလတွင် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာပြီး စစ်ကြောင်း(၃) ကြောင်းထက်မနည်းချေမှုန်းခံခဲ့ရသည်။ မြို့သိမ်းတိုက်ပွဲများမှာ လုံးဝနီးပါးရပ်ဆိုင်းနေပြီး စစ်ကောင်စီက လေကြောင်းကို အထူးပြုတိုက်ခိုက်လာနေသည်။ တိုင်းမြို့နှင့်အနီးတဝိုက်တွင်ပင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေပြီး နောက်လများတွင်ယခုထက်ပိုမိုဖြစ်ပွားလာဖွယ်ရှိသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ […]

ဇန်နဝါရီလအတွင်းတွင်လည်းအတင်းဓမ္မစစ်သားစုဆောင်းခြင်း အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ကြောင်းထိုးရှင်းလင်းမီးရှို့ခြင်းကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ရသကဲ့သို့  သတ်ဖြတ်ခံရမှုများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာလအတွင်း  ထိခိုက်သောအရပ်သားစာရင်း စဉ် မြို့နယ် ဒဏ်ရာရ သေဆုံး ပျောက်ဆုံး ဖမ်းဆီး စကစလက်ချက်မဟုတ် ၁။ ကောလင်း   ၁     မဟုတ် ၂။ စစ်ကိုင်း ၇ ၃       ၃။ ကျွန်းလှ ၄     ၁   ၄။ မုံရွာ       ၇၂   ၅။ ကနီ ၁         ၆။ […]