Category: စစ်ရေး

၁။ နိုင်ငံရေးဖြစ်စဉ် ၂၀၂၅ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများသည် ဇွန်လအတွင်း ပိုမိုသက်ရောက်လာခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း သည် နိုင်ငံရေးအလားအလာအတွက် အရေးပါသည့်အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မြေပြင်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတက်ကြွလာခဲ့ပြီး သဘာဝဘေး အစီအစဉ်များထက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုအဆင့်မြင့်လာခဲ့သည်။ ၂။ စစ်ရေးဖြစ်စဉ် မေလအတွင်း ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုများမှာ စစ်ရှိန်ကျဆင်းသွားပြီး ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှု များသာ အများဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်ဌာနချုပ်များအပေါ် အဝေးမှတိုက်ခိုက်နိုင်မှုများ ဆက်လက်ကြံဆောင်နိုင်ခဲ့သည်။ သို့သော် ထိခိုက်မှုအလွန်ကြီးမားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသည်။ ၃။ စစ်ရာဇဝတ်မှုဖြစ်စဉ် မေလကတည်းက တိုးတက်လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်မှုများ […]

၂၀၂၅ ဇွန်လအတွင်း စစ်ကိုင်းဒေသ စစ်ရေးဖြစ်စဉ်များအရ တော်လှန်ရေးအင်အားစုများက လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းဆွဲ တိုက်ခိုက်မှုများကို တချိန်တည်း ချဉ်းကပ်အသုံးပြုသဖြင့် စစ်ကောင်စီဘက်တွင် လူနှင့်ပစ္စည်းအနည်းဆုံးထိခိုက်မှုများ များစွာ ဖြစ်ပွားခဲ့ကြောင်းတွေ့ရသည်။ ထို့ပြင် မေလထက် စခန်းသိမ်းတိုက်ပွဲများပိုမိုဆင်နွှဲလာနိုင်ပြီး ထူးခြားချက်အဖြစ် စစ်ကိုင်းတိုင်းတွင် ပထမဆုံးအဖြစ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ ၁။ တိုက်ပွဲဖြစ်ပွားရာမြို့နယ်များ  တိုက်ပွဲ နေရာများ သည် မုံရွာ၊ ပုလဲ၊ ရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ အရာတော်၊ ချောင်းဦး၊ ကန့်ဘလူ၊ ဗန်းမောက်၊ မြင်းမူ၊ ဆားလင်းကြီး တို့ဖြစ်သည်။ မြို့ပေါ်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့ သည်။ လက်နက်သိမ်းဆည်းမှု နှင့် စခန်းသိမ်းပိုက်မှု ဖြစ်စဉ်များလည်းရှိပြီး ရွှေဘို၊ စစ်ကိုင်း၊ ပုလဲနယ် စသည့် နေရာများတွင် စစ်အုပ်စုစခန်းများ၊ ရဲစခန်းများကို […]

တိုက်ခိုက်မှုမြန်နှုန်းမြင့်တက်လာခြင်း မေလအတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ စစ်အုပ်စုများ၊ စခန်းများနှင့် လှည့်ကင်းတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်မှု (Ambush), ဒရုန်းပစ်မှတ်တိုက်ခိုက်မှု (Drone Strike) နှင့် မိုင်းခွဲတိုက်ခိုက်ခြင်း (IED/landmine) များဖြင့်  တိုက်ခိုက်မှုများ ပိုမိုမြင့်တက် ခဲ့ကြောင်း တွေ့ရသည်။ စခန်းသိမ်းတိုက်ပွဲများအတွက်လည်း စုစည်းပြင်ဆင်မှုများရှိနေပြီး တော်လှန်ရေးတပ်များသည် ပုလဲမြို့နယ်ရှိ စစ်အခြေခိုက်စခန်းများ၊ ဖောင်းပြင်မြို့နယ်ရှိစခန်းများ၊ တန့်ဆည်၊ ချောင်းဦးနှင့် မြောင်မြို့နယ်ရှိ အခြေစိုက်စခန်းများကို ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ ဒရုန်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ ၁၅ ရက်နေ့ ရွှေဘိုဒေသ၊ ၂၁ ရက် ချောင်းဦးမြို့၊ ၂၂ ရက် ဆားလင်းကြီး-ယင်းမာပင်လမ်းမပေါ်တွင် ဒရုန်းဗုံးကြဲခြင်း၊ မိုင်းဆွဲခြင်းတို့ကြောင့် စစ်သားများအထိအခိုက်ကြီးစွာရှိခဲ့သည်။ မုံရွာ၊ စစ်ကိုင်းအခြေစိုက်တပ်ဌာနချုပ်များကို တိုက်ခိုက်မှု ၂၅ ရက်၊ ၃၁ ရက်နေ့တွင် စစ်ကိုင်းမြို့နှင့် မုံရွာမြို့ရှိ […]

၁။နိုင်ငံရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ပူးပေါင်းဖော်ဆောင်မှုများပိုမိုဖြစ်ပေါ်လာပြီး ညှိနှိုင်းခွဲဝေမှုများအထိ ဖြစ်လာနေသည်။ တပြိုင်တည်းမှာပင် မိတ်ဖက်ပဋိပက္ခသို့ သက်ရောက်နိုင်သည့် စုဖွဲ့မှုများလည်းဖြစ်လာနေသည်။ ၂။ စစ်ရေးဖြစ်စဉ် စစ်ရေးဖြစ်စဉ်မှာ စစ်ရေးအရှိန်ကျသွားသကဲ့သို့ဖြစ်နေသော်လည်း အားယူငြိမ်သက်ခြင်းများဟုလည်း ယူဆနိုင်သည်။ စစ်ကောင်စီ၏ လေကြောင်းအသာစီးရယူနိုင်မှုကြောင့် စစ်ရေးလှုပ်ရှားမှုများအားနည်းသွားခြင်းများလည်းရှိသည်။ မြေပြင်ထိတွေ့တိုက်ပွဲများတွင်မူ တော်လှန်ရေး တပ်များက အသာရနေဆဲဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများ ဗျူဟာမြောက်ပူးပေါင်းစစ်ဆင်ရေးများလည်း ပြန်လည်စတင်လာနိုင်သည်ကိုတွေ့ရသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ ၄။ အုပ်ချုပ်ရေးဖြစ်စဉ် စိန်ခေါ်မှုများ ပိုမိုများပြားလာပြီး စီမန်ခန့်ခွဲမှု ရောယှက်မှုများလည်းဖြစ်ပေါ်နေသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ထိတွေ့တိုက်ပွဲအခြေအနေ သုံးသပ်ချက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ (PDF/LPDF) တို့ကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ကနီ၊ အရာတော်၊ ရေဦး၊ မုံရွာ၊ မြောင်၊ ဘုတလင်၊ ဆားတောင်၊ ရွှေဘို စသည့် မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ အထူးပြင်းထန်ခဲ့သည်။ စစ်တပ်၏ အကြမ်းဖက်မှုများအဖြစ် ဘုတလင်မြို့နှင့် ဆားတောင်မြို့တွင် လူသတ်မှု၊ တပ်စွဲခြင်း၊ ကျေးရွာမီးရှို့ခြင်းများကို ကျူးလွန်ခဲ့သည်။ အရာတော်မြို့နယ် ငွေတွင်းရွာ၊ ရေဦးမြို့နယ် အောင်သုခကျေးရွာ စသည့်ဒေသများတွင်လည်း စစ်ကောင်စီမှ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ မုံရွာမြို့နယ်အတွင်း ဝမ်ပေါင်ကုမ္ပဏီနှင့်ပတ်သက်၍ ကြေးနီသယ်ယူရေးအတွက် စစ်တပ်၏ ကာကွယ်မှု့လုပ်ငန်းများကြောင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ရွှေဘိုမြို့နယ် ဥသျှစ်ကန်ကျေးရွာသုသာန်အနီး […]

၁။နိုင်ငံရေးဖြစ်စဉ် မြို့နယ်အဆင့်ပညာရေးတာဝန်ခံလုပ်ကြံမှုကို မဖြေရှင်းနိုင်ခြင်းကြောင့် နောက်ထပ် လုပ်ကြံခံရသူများကို ဆက်လက်ဖြစ်ပေါ်လာသည်။ ဒေသတွင်းနိုင်ငံရေးစုစည်းမှုများသည် တစထက် တစ ပိုမိုအားကောင်းလာပြီး ဒေသတွင်းနိုင်ငံရေးအင်အားစုများစွာ ထွက်ပေါ်လာသည်။ အဆိုပါအင်အားစုများထပ်မံစုစည်း၍ ဒေသတွင်းအုပ်ချုပ်ရေးယန္တယားကို ထိန်းကျောင်းနိုင်ရန် ပိုမို မျှော်လင့်လာနိုင်သည်။ ၂။ စစ်ရေးဖြစ်စဉ် ၂၀၂၄ ဒီဇင်ဘာလအတွင်းက နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ခုခံနိုင်မှုအားနည်းခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီလတွင် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာပြီး စစ်ကြောင်း(၃) ကြောင်းထက်မနည်းချေမှုန်းခံခဲ့ရသည်။ မြို့သိမ်းတိုက်ပွဲများမှာ လုံးဝနီးပါးရပ်ဆိုင်းနေပြီး စစ်ကောင်စီက လေကြောင်းကို အထူးပြုတိုက်ခိုက်လာနေသည်။ တိုင်းမြို့နှင့်အနီးတဝိုက်တွင်ပင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေပြီး နောက်လများတွင်ယခုထက်ပိုမိုဖြစ်ပွားလာဖွယ်ရှိသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ […]

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းများ၊ လှုပ်ရှားမှုများကို ခြုံခိုတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ စစ်ကြောင်းလိုက် ထိခိုက်ပျက်စီးခြင်းများ စစ်သုံ့ပန်းဖမ်းမိခြင်းများဖြစ်ပေါ်ခဲ့သည်။ ယခင်လများက စစ်ကိုင်းတွင် တော်လှန်ရေးတပ်များက အသာစီးဖြင့် မဟာဗျူဟာမြောက်မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်နေရာမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြန်လည်အင်အားကောင်းလာကာ ထိုးစစ်ဆင်မှုများ ထပ်မံပြုလုပ်လာသည်။ သို့သော် စစ်ကောင်စီတပ်သားသစ်များ၏ အားနည်းချက်ကြောင့် စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရကာ လက်နက်/လူသူ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၅ ဇန်နဝါရီလအတွင်းမှာပင် ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်း(၃) ကြောင်းထက်မနည်း ချေမှုန်းခံခဲ့ရပြီး အခြားတိုက်ခိုက်မှုများကြောင့်လည်း စစ်ကောင်စီအထိနာခဲ့သည်။ ထူးခြားဖြစ်စဉ်များကို ထုတ်နုတ်တင်ပြပါမည်။ ၁။ ဝက်လက်မြို့နယ်စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ကူစစ်ကြောင်းချေမှုန်းခံရ ဝက်လက်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကိုင်းတပ်မ(၃၃) လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းကို ဇန်နဝါရီလ(၆) ရက်နေ့က တော်လှန်ရေးအင်အားစုများ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၆ နာရီကြာတိုက်ပွဲအတွင် စစ်ကောင်စီစစ်ကြောင်းတခုလုံးအထိအခိုက်များစွာဖြင့် […]