Category: အုပ်ချုပ်မှုရေးရာ

၁။ နိုင်ငံရေးဖြစ်စဉ် ၂၀၂၅ မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုများသည် ဇွန်လအတွင်း ပိုမိုသက်ရောက်လာခဲ့သည်။ အထူးသဖြင့် ဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း သည် နိုင်ငံရေးအလားအလာအတွက် အရေးပါသည့်အဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် မြေပြင်ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတက်ကြွလာခဲ့ပြီး သဘာဝဘေး အစီအစဉ်များထက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများ ပိုမိုအဆင့်မြင့်လာခဲ့သည်။ ၂။ စစ်ရေးဖြစ်စဉ် မေလအတွင်း ပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ဇွန်လအတွင်း စစ်ရေးလှုပ်ရှားမှုများမှာ စစ်ရှိန်ကျဆင်းသွားပြီး ခြုံခိုတိုက်ခိုက်မှု၊ ပြောက်ကျားတိုက်ခိုက်မှု များသာ အများဆုံး ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်ဌာနချုပ်များအပေါ် အဝေးမှတိုက်ခိုက်နိုင်မှုများ ဆက်လက်ကြံဆောင်နိုင်ခဲ့သည်။ သို့သော် ထိခိုက်မှုအလွန်ကြီးမားသည့် ဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ရသည်။ ၃။ စစ်ရာဇဝတ်မှုဖြစ်စဉ် မေလကတည်းက တိုးတက်လာခဲ့သည့် လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်မှုများ […]

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အုပ်ချုပ်မှု၊ စိုးမိုးရေးရာနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များစွာ ဖြစ်ပေါ်ခဲ့သည်။ အောက်ပါအချက်များသည် ထင်ရှားသည့်ဖြစ်စဉ်များဖြစ်ပြီး စစ်အုပ်စုနှင့် NUG သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ ဒေသခံများအကြား အကျိုးသက်ရောက်မှုများကို ဖော်ပြသည်။ ၁။ အလင်းဝင်မှုနှင့် စစ်သားဘက်ပြောင်းမှုများ ဇွန် ၆ – ရွှေဘိုမြို့နယ် တွင် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ခဲ့သည်။ ဇွန် ၉ – ဗန်းမောက်မြို့နယ် တွင် စစ်အုပ်စု လက်အောက်ခံ SNA တပ်မဟာ ၆၁၄ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည်။ ဇွန် ၁၅ – ပုလဲမြို့နယ် တွင် တိုက်ပွဲများအတွင်း ပို့ခံထားသည့် စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံခဲ့သည်။ ဇွန် ၂၇ – […]

၁။ စစ်ကောင်စီတပ်သားများ အလင်းဝင်မှု 12.5.2025 – တန့်ဆည်မြို့နယ်: ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း ၂ ဦး သေနတ် ၂ လက်နှင့်အလင်းဝင် လာခဲ့သည်။ 27.5.2025 – မုံရွာမြို့: စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့ဘက်ပြောင်းခိုလှုံလာခဲ့သည်။ တပ်သားအလင်းဝင်မှုများသည် မေလအတွင်း ထပ်မံဖြစ်ပွားခဲ့ပြီး၊ မုံရွာနှင့် တန့်ဆည်မြို့နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  ယင်းသည် ဖေဖော်ဝါရီ – မတ်လနှင့် ဧပြီလအတွင်းတွင်လည်း ဖြစ်ပွားခဲ့သည်။ နေ့စဉ်ရက်ဆက် အလင်းဝင်မှုများသည် စစ်ကောင်စီ၏ တပ်တွင်းဩဇာအာဏာကျဆင်းမှုနှင့် စစ်သားများ၏ စိတ်ဓာတ်ကျခြင်းကိုဖော်ပြနေသည်။ ၂. ပြည်သူ့အုပ်ချုပ်ရေးနှင့် ပအဖ လှုပ်ရှားမှုများ  ၁။ ကန့်ဘလူမြို့နယ် ပအဖခေါင်းဆောင်နေရာသစ်ရွေးချယ်ရေးပြုလုပ်မည်ဟုကြေညာခြင်း။ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ( ကန့်ဘလူ-ပအဖ ) ခေါင်းဆောင် ဦးဇော်မြင့်ဦး(ခ) […]

၁။နိုင်ငံရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ပူးပေါင်းဖော်ဆောင်မှုများပိုမိုဖြစ်ပေါ်လာပြီး ညှိနှိုင်းခွဲဝေမှုများအထိ ဖြစ်လာနေသည်။ တပြိုင်တည်းမှာပင် မိတ်ဖက်ပဋိပက္ခသို့ သက်ရောက်နိုင်သည့် စုဖွဲ့မှုများလည်းဖြစ်လာနေသည်။ ၂။ စစ်ရေးဖြစ်စဉ် စစ်ရေးဖြစ်စဉ်မှာ စစ်ရေးအရှိန်ကျသွားသကဲ့သို့ဖြစ်နေသော်လည်း အားယူငြိမ်သက်ခြင်းများဟုလည်း ယူဆနိုင်သည်။ စစ်ကောင်စီ၏ လေကြောင်းအသာစီးရယူနိုင်မှုကြောင့် စစ်ရေးလှုပ်ရှားမှုများအားနည်းသွားခြင်းများလည်းရှိသည်။ မြေပြင်ထိတွေ့တိုက်ပွဲများတွင်မူ တော်လှန်ရေး တပ်များက အသာရနေဆဲဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများ ဗျူဟာမြောက်ပူးပေါင်းစစ်ဆင်ရေးများလည်း ပြန်လည်စတင်လာနိုင်သည်ကိုတွေ့ရသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ ၄။ အုပ်ချုပ်ရေးဖြစ်စဉ် စိန်ခေါ်မှုများ ပိုမိုများပြားလာပြီး စီမန်ခန့်ခွဲမှု ရောယှက်မှုများလည်းဖြစ်ပေါ်နေသည်။

အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များ သုံးသပ်ချက် (ဖေဖော်ဝါရီ – မတ် ၂၀၂၅) ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်ကိုင်းတိုင်းရှိ တိုင်းဒေသကြီးများတွင် အုပ်ချုပ်ရေးဆိုင်ရာသတင်းများ စုစုပေါင်း ၁၁ ဖြစ်စဉ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤဖြစ်စဉ်များတွင် အထူးသဖြင့် စစ်ကောင်စီဘက်မှ အလင်းဝင်မှု၊ တပ်သားသစ်လက်ခံခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း စသည့် အရေးပါမှုရှိသောအချက်များပါဝင်သည်။  ထင်ရှားသောအချက်များ အလင်းဝင်မှု (Defections) ရေဦးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့တွင် စစ်ကောင်စီသို့ကူးလာသည့် တပ်သားများနှင့် SNA တပ်သားများအလင်းဝင်မှုအဖြစ် မှတ်တမ်းတင်ထားသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းမှု မင်းကင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဖော်ပြထားသည်။ စစ်ကောင်စီအဖွဲ့ဝင်အဖမ်းခံမှု ရွှေဘိုမြို့နယ်တွင် ပျူစောထီးတစ်ဦး၊ သေနတ်တစ်လက် ဖမ်းဆီးခံရခြင်း ဖြစ်စဉ်ဖော်ပြထားသည်။ ဖြစ်ပွားသည့်မြို့နယ်များ အုပ်ချုပ်ရေးဆိုင်ရာဖြစ်စဉ်များအများဆုံးဖြစ်ပွားခဲ့သည့်မြို့နယ်များမှာ – မုံရွာမြို့နယ် (၂ ကြိမ်) ရွှေဘိုမြို့နယ် (၂ ကြိမ်) […]

၁။နိုင်ငံရေးဖြစ်စဉ် မြို့နယ်အဆင့်ပညာရေးတာဝန်ခံလုပ်ကြံမှုကို မဖြေရှင်းနိုင်ခြင်းကြောင့် နောက်ထပ် လုပ်ကြံခံရသူများကို ဆက်လက်ဖြစ်ပေါ်လာသည်။ ဒေသတွင်းနိုင်ငံရေးစုစည်းမှုများသည် တစထက် တစ ပိုမိုအားကောင်းလာပြီး ဒေသတွင်းနိုင်ငံရေးအင်အားစုများစွာ ထွက်ပေါ်လာသည်။ အဆိုပါအင်အားစုများထပ်မံစုစည်း၍ ဒေသတွင်းအုပ်ချုပ်ရေးယန္တယားကို ထိန်းကျောင်းနိုင်ရန် ပိုမို မျှော်လင့်လာနိုင်သည်။ ၂။ စစ်ရေးဖြစ်စဉ် ၂၀၂၄ ဒီဇင်ဘာလအတွင်းက နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ခုခံနိုင်မှုအားနည်းခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီလတွင် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းမှုစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာပြီး စစ်ကြောင်း(၃) ကြောင်းထက်မနည်းချေမှုန်းခံခဲ့ရသည်။ မြို့သိမ်းတိုက်ပွဲများမှာ လုံးဝနီးပါးရပ်ဆိုင်းနေပြီး စစ်ကောင်စီက လေကြောင်းကို အထူးပြုတိုက်ခိုက်လာနေသည်။ တိုင်းမြို့နှင့်အနီးတဝိုက်တွင်ပင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေပြီး နောက်လများတွင်ယခုထက်ပိုမိုဖြစ်ပွားလာဖွယ်ရှိသည်။ ၃။စစ်ရာဇဝတ်မှုဖြစ်စဉ် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုများ၏ အကျိုးသက်ရောက်မှုအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံရမှုများ အိမ်မီးရှို့ခံရမှုများထပ်မံဖြစ်ပေါ်လာသည်။ ကောလင်း၊ စစ်ကိုင်း၊ ကျွန်းလှ၊ မုံရွာ၊ ကနီ ၊ ယင်းမာပင်၊ မော်လူး၊ ကန့်ဘလူနှင့်ရေဦးတို့တွင် စစ်ဘေးရှောင်လူဦးရေများပိုမိုတိုးပွားလာနေသည်။ […]

ဒီဇင်ဘာလအတွင်းစစ်ကိုင်းတိုင်းတွင် အုပ်ချုပ်ရေးရာဖြစ်စဉ်(၆)ခုဖြစ်ပေါ်ခဲ့ပြီးသက်ဆိုင်ရာ အစိုးရယန္တယား များ၏ အရေးယူမှုဖြစ်စဉ်များ ကြေညာချက်များပင် ဖြစ်သည်ကိုတွေ့ရသည်။ စဉ် မြို့နယ် ဖြစ်စဉ်ကြိမ်ရေ အကြောင်းအရာ ၁။ ပြည်ထောင်စု ၁  စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရရုံးစိုက်မည်။ ၂။ ပြည်ထောင်စု ၁  ပသုံးလုံးယန္တယားတွင် အာဏာအလွဲသုံးသူများကိုအရေးယူရန်တိုက်တွန်း ၃။ ဆားလင်းကြီး ၁  Non CDM ဝန်ထမ်းများကို အရေးယူမည်ဟု ပအဖက ကြေညာ။ ၄။  ရေဦး ၁ သစ်ခိုးထုတ်မှုများအရေးယူမည်ကြေညာ ၅။  ကန့်ဘလူ ၁ အကျဉ်းသူအား အဓမ္မပြုကျင့်မှု စစ်ဆေးသွားမည်ဟုကြေညာ။ ၆။ ပြည်ထောင်စု ၁ NUG လွတ်ငြိမ်းချမ်းသာ စစ်ကိုင်း မြို့နယ် ၅ ခုမှ (၅၀) ဦးပါဝင်။ စုစုပေါင်း ၆   အဆိုပါဖြစ်စဉ်များထဲမှ […]